Magway News

0 0
Read Time:2 Minute, 22 Second

ဆင်ပေါင်ဝဲတွင် သာသနာတံဆိပ်ကပ်ကားဖြင့် သွားလာနေသည့် ဒုရဲ-အုပ်-ရန်နိုင်ဌေးပါ ၅ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦးသေဆုံး၊ သေနတ် ၃ လက်သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၇

 

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်တွင် သာသနာတံဆိပ်ကပ် ကားဖြင့် သွားလာနေသည့် ဒုရဲ-အုပ် -ရန်နိုင်ဌေး ဦးဆောင်သော ရဲ ၅ ဦး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်း ဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပုဏ္ဏဝတီ (PDF-PNWD) တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၉ မိနစ်ခန့်တွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကျောသာကျေးရွာနှင့် သပြေစမ်းကျေးရွာ အကြားတွင် သာသနာတံဆိပ်ကပ် ကားဖြင့် သွားလာနေသည့် ဒုရဲ-အုပ် -ရန်နိုင် ဌေး ဦးဆောင်သော ရဲ ၅ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း ရဲ ၃ ဦးသေဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် သေဆုံး သွားသော ရဲများထံမှ ၇၉ မမ အမျိုးအစား သေနတ် ၁ လက် ၊ ၄၀ မမ ဗုံးသီး ၂ လုံး ၊ MA-13 အမျိုး အစား သေနတ် ၁ လက်၊ MA-13 ကျည် ၁၃၀ တောင့် ၊ G-3 ကျည် ၁၂၀တောင့် ၊ လက်ပစ်ဗုံး ၁ လုံး ၊ ခြောက် လုံးပြူး သေနတ် ၁ လက် ၊ လက်ကိုင်ဖုန်း ၅ လုံး ၊ မှတ်ပုံတင်ကဒ်နှင့် ဝန်ထမ်း ကတ်များ သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သရက်ခရိုင်အမှတ် ၅ တပ်ရင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ် ပုဏ္ဏဝတီ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDFPNWD အနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ပျက်သည် အထိ တိုက်ပွဲဝင်သွားပါမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *