ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူများကို ပစ်ခတ်တိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦး သေဆုံးခဲ့ကြောင်း ပုံတောင် Tiger PDF တပ်ဖွဲ့ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက် နံနက် ၇ နာရီ မိနစ် ၂၀ က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူ ၆ ဦးသည် ထန်းလှီးရန် နှောရိုးရွာဘက်သို့ ထွက်လာသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဇီးဖြူ ကုန်းရွာနှင့် နှောရိုးရွာကြားတနေရာအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုသည် ၂၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူ ၂ ဦးသေဆုံးကာ ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာသို့ ဇီးဖြူကုန်းရွာပျူစခန်းအတွင်းမှ အင်အား ၆၀ ခန့် စစ်ကူထွက်လာသဖြင့် ပြန်လည်ဆုတ်ခွာလာခဲ့ရခြင်းဖြစ်ပြီး လက်နက် သိမ်းဆည်းရရှိခဲ့ခြင်းမရှိ ကြောင်း သိရဿည်။
အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ယင်းမာပင်ခရိုင်တပ်ရင်း ၆ နှင့် ပုံတောင် Tiger PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media