ပေါက်မြို့နယ်၊ ကပစ ၂၄ မှ စစ်သား ၄ ဦး နင်းမိုင်းမိပြီး ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၆
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကပစ ၂၄ မှ အကြမ်းဖက်စစ်သားများ နင်းမိုင်းမိပြီး ၁ ဦးသေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ဆိပ်ဖြူတကိုယ်တော် ကျားဇိုးထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၅ နာရီခန့်က ပေါက်မြို့နယ်၊ ကပစ ၂၄ ၊ လင်းယုန်ဂိတ်အ နောက်ခွေးအတောင်လမ်းပေါ်သို့ ထွက်လာသော အကြမ်းဖက်စစ်သား စစ်ကောင်စီတပ်သား သက် လွင်ဦး ၊ အောင်သန်းဝေ၊ ကျော်စွာမင်းနှင့်အခြားအမည်မသိစစ်သား ၄ ဦး ထွက်လာစဉ် နင်းမိုင်းများမိ ကာ တပ်သား သက်လွင်ဦးမှာ ခန္ဓာကို တစ်စီးဖြစ်၍ သေဆုံးသွားပြီး ကျန် ၃ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“အရင်ထောင်ထားတဲ့ မိုင်းတွေထဲကျန်နေတဲ့ မိုင်းတွေကို လာရှင်းတာ။ အရင်တစ်ခါကလည်း အဲဒီ နေရာမှာ မိုင်းမိဘူးလို့ သေဆုံးခဲ့တာရှိတယ်။ အဲဒါကြောင့် အခုတစ်ခုလည်း လာရှင်းတဲ့အချိန် မိုင်း ထပ်မိပြီးသေဆုံးတာပါ။” ဟု ဆိပ်ဖြူတကိုယ်တော် ကျားဇိုးက ပြောကြားသည်။
အဆိုပါ နင်းမိုင်းများကို ဆိပ်ဖြူတကိုယ်တော် ကျားဇိုး နှင့် ပေါက်မြို့နယ် ပကဖ ဇုံ ၁ တပ်ဖွဲ့အတူ ပူး ပေါင်းကာ ထောင်ထားခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media