Bago News

0 0
Read Time:2 Minute, 45 Second

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်ကို မစ်ဇိုင်းဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီတပ်သားထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၆

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အမှတ် ၃၁၀ အမြောက်တပ်အတွင်းသို့ မစ်ဇိုင်း ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးမှုရှိကြောင်း ပဲခူးခရိုင် ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ ရက် ည ၁၁ နာရီခန့်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် အကြမ်း ဖက်စစ်ကောင်စီ၏ အမှတ် ၃၁၀ အမြောက်တပ်ရင်း၊ ဗဟိုကင်းနှင့် လူပျိုဆောင်တို့အား မစ်ဇိုင်းဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံး၊ ထိခိုက်လူနာ များကို ပဲခူးမြို့နှင့် မော်လမြိုင်မြို့ဘက်သို့ ပို့ဆောင်ထားကြောင်း သိရသည်။

“သေဆုံးထိခိုက်မှုက စုံစမ်းလို့မရဘူး။ လူနာတင်ယာဉ်တွေနဲ့ သိမ်ဇရပ်၊ ကျိုက်ထို ဆေးရုံကို မတင်ပဲ ပဲခူးနဲ့ မော်လမြိုင်ကို ပို့တယ်လို့ သိရတယ်။ လူပျိုဆေင်ဘားတိုက်နားကျတာ၊ ထိခိုက်သေဆုံးမှုက တော့ရှိတယ်။ အခုထိ သိမ်ဇရပ်က လူနာတင်ယာဉ်တွေ အကုန်နီးပါး လိုက်ပို့ရတယ်လို့ သတင်းရ ထားတယ်။ ပထမ ၂ လုံးပစ်တော့ ပြန်ပစ်တာမျိုးမရှိဘူး။ တတိယအလုံး သူတို့နားကျပြီးတော့ ပြန် စပစ်၊ လက်နက်ကြီးရော၊ လက်နက်ငယ်ရောပဲ” ဟု ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုးမောင်က ပြော ကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးခရိုင် (ပကဖ) ဦးဆောင်၍ UDF ၊ ဝေါ (ပကဖ) နှင့် ကဝ(ပကဖ) လက် နက်ကြီးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက် ကြီး ၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် သေဆုံးစစ်သားများ အသုဘချရာတွင်လည်းကောင်း၊ လူများကို ပို့ဆောင်ရာတွင်လည်းကောင်း၊ နာရေးကူညီမှုအသင်း၊ ပရဟိတအသင်းတို့မှ အဖွဲ့ဝင်များ ကို သတင်းမပေါက်ကြားစေရန် ခြိမ်းခြောက်ဖိအားပေးထားကြောင်း ပဲခူးခရိုင် ပကဖ တာဝန်ခံ ကိုဖြိုး မောင်က ပြောဆိုသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *