Yangon News

0 0
Read Time:1 Minute, 56 Second

ရွှေပြည်သာမြို့နယ်၊ ခလရ ၆ တပ်ရင်းကို လက်ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သား များ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၆

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ ခလရ ၆ တပ်ရင်းအတွင်းသို့ လက် ပစ်ဗုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၅ ရက် ည ၁၀ နာရီခန့်က ရွှေပြည်သာမြို့နယ်၊ အောက်မင်္ဂလာဒုံလမ်း၊ အ ကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆ တပ်ရင်းအတွင်းထဲသို့ လက်ပစ်ဗုံးသီး ၃ လုံးဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ရာ ၃ လုံးစလုံးအောင်မြင်စွာပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် သေ ဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ပေါက်ကွဲမှုအားကောင်းတယ်၊ ၃ လုံးစလုံးပေါက်ကွဲပါတယ်။ ဂိတ်ဝတင်မဟုတ်ဘူး။ တပ်ရင်းအထဲ အထိရောက်တယ်။ ထိတာတော့ ထိတယ်၊ အခြေအနေကတော့ တိတိကျကျသိရဖို့ စုံစမ်းနေတုန်းပါ” ဟု မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် (ပကဖ) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြောက် ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *