Read Time:1 Minute, 6 Second
ကဗျာကဏ္ဍ “စစ်နွံ”
ပျိုးကြဲလက်
သန္ဓေနဲ့ ပြည်သူ့စစ်
နစ်လေတဲ့ အာဏာ့ကျွန် ။
လူပုံလယ် အညွန့်တုံးပေါ့
ရုန်းခက်တဲ့နွံ ။
လမ်းဆုံးက တမလွန်
ကြက်ဖတွန်လို့ စစ်ရှုံး ။
စစ်နွံမှာ ဘဝခြားလို့
မိသားစုဆုံး ။
ပြည်သာချိန် ဘဏ္ဍာခိုးပေါ့
မရိုးနိုင်တဲ့ စရိုက်ဆောင် ။
ငယ်သားတွေ အခွင့်သာခိုက်
လိုက်ကြကွယ့်မောင် ။
ဆိုးမိုက်ကြ ရာဇဝင်ပြောင်အောင်
မင်းမြှောက်ကာ ခိုးတိုက် ။
ဗာလတွေ ဦးဆောင်ဖျက်လို့
ပြည်ပျက်ကိန်းဆိုက် ။
ပြည်ကြေရင် နာကြည်းလို့
ထတီးကွယ့် ပြည်သူတွေ ။
လုပ်ရဲရင် အလှည့်ကျ
ခံကြပါလေ ။
နောက်ဆံမတင်းနဲ့ ဖြောင့်ဖြောင့်သေ
လူပေလူတေ ကြေစမ်း ။
အာဏာ့ရှင် နင်သိပ်ချစ်ရင်
နွံနစ်မယ့်လမ်း ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် ညနေ ၃ နာရီ ၄၉ မိနစ်
Thanlwin Myanmar Media