မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသ၊ ဆုံကုန်းကျေးရွာဘုန်းကြီးကျောင်းကို စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူအမြောက်အများ ထိခိုက်သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၅
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်ဒေသ၊ ဆုံကုန်းရွာဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူအမြောက်အများ ထိခိုက်သေဆုံးမှု ရှိကြောင်း မြိုင်ပကဖ ထံမှ သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော် ဒေသ၊ ဆုံ ကုန်းရွာ ဘုန်းကြီးကျောင်း၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် အကြမ်းဖက်စစ်ကောင်စီတပ် က ဂျက် ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးသီး ၂ ကြိမ် ကျဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းပေါ်တည့် တည့်ကျ ရောက် ပေါက်ကွဲခဲ့ပြီး မင်္ဂလာဆောင် ထမင်းချက်နေသောပြည်သူများအပါအဝင် ပြည်သူ အမြောက်အများ သေဆုံးမှုရှိကြောင်း သိရသည်။
“လက်ရှိအထိတော့ အထိအခိုက်ရှိတယ်ပဲ သိရသေးတယ်၊ ဘုန်းကြီးကျောင်းပေါ်တည့်တည့်ကျ တယ်၊ သူတို့ကို ထမင်းဟင်းချက်ကျွေးနေတဲ့ စားဖိုတွေရော အကုန်လုံးမီးလောင်သွားတာ။ အဲဒီ အပေါ်တွေ တည့်ကျတာဆိုတော့ ။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာကျဲသွားတာ၊ ဘယ်နှစ်ယောက်ထိ တယ်၊ သေတယ် တိတိကျကျမသိရသေးဘူး။ တစ်ချို့ဟာတွေက အခုမှ ဆွဲထုတ်နေတုန်းပဲရှိ သေး တာ။ ထိခိုက်တာတွေ တော်တော်များတယ်လို့ သိရတယ်။” ဟု မြိုင်ပကဖ မှ Cross က ပြောကြား သည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူလူထုအပေါ် ပစ်မှတ်ထားကာ ဗုံးကျဲတိုက်ခိုက်မှုများ ဆက် တိုက်လုပ်ဆောင်နေမှုကြောင့် မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်း အန္တရယ်ကို သတိထားကြရန်နှင့်လူစုလူဝေးမလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက သတိပေးတိုက် တွန်းထားသည်။
Thanlwin Myanmar Media