KNLA ထံ အလင်းဝင်ခိုလှုံပါက ယစ်ပူဇော်ခံရမည်ဟု စစ်ကောင်စီ ဝါဒဖြန့် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၄
အကြမ်းဖက်စစ်ကောင်စီတပ်က KNLA တပ်ဖွဲ့ထံ အလင်းဝင်ခိုလှုံပါက ယစ်ပူဇော်ခံရမည်ဟု ဝါဒဖြန့် ထားကြောင်း အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးလာကာ KNLA တပ်ဖွဲ့ထံခိုလှုံခဲ့သည့် တက ဆန်းမြင့်ဦးက ပြောကြားသည်။
KNLA တပ်ဖွဲ့ထံ အလင်းဝင်ခဲ့သည့် တက ဆန်းမြင့်ဦးသည် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ ခမရ-၁၁၂ တပ်ရင်းမှ ဖြစ်ပြီး စစ်ကောင်စီတပ်အတွင်း လုပ်သက် ၂၀ ကျော်လုပ်ကိုင် ခဲ့သူဖြစ်ကြောင်း သိရသည်။
“တဖက်ကိုလာပြီဆိုရင် မင်းတို့ကိုသတ်မှာ ။ အရှေ့မှာသွားနေတဲ့သူတွေလည်း အကုန် သေကုန်ပြီ။ ကျနော်က အင်တာနက်တွေဘာတွေလည်း မသုံးတတ်ဘူး။ ကြည့်လည်းမကြည့်ဘူး။ သူတို့က အဲလို ပြောတော့ ကျနော်လည်းတွေဝေတယ်။ ကျနော်တောင် ကျနော့်အဆင့်နဲ့ တွေဝေတယ်။ ကျန် တဲ့စစ် သည်တွေလည်း အဲလိုတွေဝေနေတာရှိတယ်။ သူတို့က ခေါင်းထဲရိုက်ထည့်တာ။ “မင်းတို့ ဟို ဘက် သွားရင် သတ်ပစ်မှာ၊ ဘာတွေပူဇော်၊ ယစ်ပူဇော်တာတွေ လျှောက်ပြောထားတာ။ တစ်ချို့စစ် သည် တွေရဲ့ခေါင်းထဲမှာ အဲဒါတွေ စွဲနေတာရှိပါတယ်။” ပြောဆိုသည်။
အင်တာဗျူးအပြည့်အစုံကို ဆက်လက်ဖတ်ရှုနားဆင်ရန် –
မေး = တပ်ရင်းအမည် ၊ နာမည် ၊တာဝန်
ဖြေ = တပ်မ ၅၅ လက်အောက်ခံ အမှတ် ၁၁၂ ခြေမြန်တပ်ရင်း၊ တက ဆန်းမြင့်ဦးပါ
မေး = စစ်တပ်ထဲကို ဘယ်လိုရောက်ရှိခဲ့တာလဲ။
ဖြေ = တပ်ထဲဝင်ဖို့က ငယ်ငယ်ကတော့ ဘာရည်ရွယ်ချက်မှ မရှိဘူး။ တပ်ထဲတော့ဝင်သွားတာပဲ။ ဒါပေမယ့် ရည်ရွယ်ချက် တစ်ခုမှတောင်မရှိဘူး။
မေး = ဘာ့ကြောင့်အလင်းဝင်ရတာလဲ။
ဖြေ = အလင်းဝင်ရတဲ့အကြောင်းအရင်းကတော့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မကြိုက်လို့။ နှစ် ပေါင်း ၂၀ ကျော်လောက်ခံစားခဲ့ရတယ်။ ဒါပေမယ့် ကျနော့်မှာ ထွက်ပေါက်မရသေးတဲ့အတွက်၊ နောက်ပြီးတော့ ကျနော့်မိသားစုလည်းရှိတဲ့အတွက် စဉ်းစားရင်း စဉ်းစားရင်းနဲ့ ၊ အခုကတော့ မခံနိုင် တဲ့အဆုံး ကျနော်လမ်းမှန်တဲ့နေရာကို သွားမယ်ဆိုပြီးတော့ ဒီဘက်ကိုလာပြီး ခိုလှုံရခြင်းဖြစ်တယ်။
မေး = စကစက KNLA ထဲအလင်းဝင်ရင် ဘယ်လိုဖြစ်မယ်လို့ ဝါဒဖြန့်ထားလဲ။
ဖြေ = တဖက်ကိုလာပြီဆိုရင် မင်းတို့ကိုသတ်မှာ ။ အရှေ့မှာသွားနေတဲ့သူတွေလည်း အကုန် သေကုန် ပြီ။ ကျနော်က အင်တာနက်တွေဘာတွေလည်း မသုံးတတ်ဘူး။ ကြည့်လည်းမကြည့်ဘူး။ သူတို့က အဲလိုပြောတော့ ကျနော်လည်းတွေဝေတယ်။ ကျနော်တောင် ကျနော့်အဆင့်နဲ့ တွေဝေတယ်။ ကျန် တဲ့စစ်သည်တွေလည်း အဲလိုတွေဝေနေတာရှိတယ်။ သူတို့က ခေါင်းထဲရိုက်ထည့်တာ။ “မင်းတို့ ဟို ဘက် သွားရင် သတ်ပစ်မှာ၊ ဘာတွေပူဇော်၊ ယစ်ပူဇော်တာတွေလျှောက်ပြောထားတာ။ တစ်ချို့စစ် သည်တွေရဲ့ခေါင်းထဲမှာ အဲဒါတွေ စွဲနေတာရှိပါတယ်။
မေး = KNLA ထဲရောက်တော့ ဘယ်လိုကြိုဆိုဆက်ဆံကြလဲ။
ဖြေ = ကျနော်ရောက်တော့ ဒီက ညီအစ်ကိုတွေက အားလုံးအဆင်ပြေအောင် နွေးနွေးထွေးထွေး ကြို ဆိုတာ။ သူတို့ (စကစ) ပြောတဲ့ဟာတွေက တစ်ခုမှ မဟုတ်ဘူး။ အခုကျတော့၊ အားလုံးကနွေးနွေး ထွေးထွေးကြိုဆိုကြပါတယ်။
မေး = KNLA ကို ဘယ်လိုမြင်လဲ။
ဖြေ = ကျန်တာတွေတော့ သိပ်တော့မပြောတတ်ဘူး။ အခုချိန်ကျနော်ရောက်လာတော့ ကျနော့် အပေါ်နွေးနွေးထွေးထွေးကြိုဆိုတယ်၊ အားလုံးအဆင်ပြေတယ်။ အားလုံး ကောင်းကောင်းမွန်မွန်ပဲ လို့ ကျနော်တော့ ထင်ပါတယ်။
မေး = စကစ တပ်ကို ဘယ်လိုမြင်လဲ။
ဖြေ = မြန်မာ့တပ်မတော်မှာ ကျနော်လည်း နှစ်ပေါင်းအများကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက် မကောင်းတာကို သိတယ်၊ ပြင်မလား၊ ပြင်မလားဆိုပြီးတော့ အချိန်တစ်ခုအထိစောင့်ပြီးတော့ သူ တို့(စစ်ခေါင်းဆောင်)အပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့တာ၊ ကြာလာတော့ သူတို့(စစ်ခေါင်းဆောင်) ရဲ့အကျင့်စရိုက်တွေကို မကြိုက်တော့ဘူး၊ သူတို့(စစ်ခေါင်းဆောင်)က သူတို့(စစ်ခေါင်းဆောင်) အ ကျိုးစီးပွားတစ်ခုအတွက်ပဲ တွက်တာ၊ အောက်ကလူတွေကိုဘာမှ ပြန်လည်းမကြည့်ဘူး။ သူတို့ ကောင်းစားဖို့လောက်ပဲ။ သူတို့ရာထူးရဖို့လောက်ပဲ ၊ အာဏာရဖို့လောက်ပဲ သူတို့က စဉ်းစားတာ။ အဲဒါကြောင့်မို့လို့ ကျနော်က မကြိုက်ဘူး။ သူတို့ အကျင့်စရိုက်ကို မကြိုက်လို့ ကျနော်က သူတို့နဲ့ လမ်းခွဲပြီး မှန်တဲ့ လမ်းဖြစ်တဲ့ ပြည်သူလူထုနဲ့အတူရပ်တည်ဖို့ ဆင်းချလာတာ။
မေး = စစ်တပ်ထဲမှာ ခွဲခြားဆက်ဆံမှုဘယ်လိုခံစားခဲ့ရလဲ။
ဖြေ = အဲဒါတော့ ကြုံခဲ့ရတာအများကြီးပဲ၊ ပြောပြရရင် အရှည်ကြီးပဲ။ ကျနော်တို့ကျတော့ ဖုတ်လေ တဲ့ ငပိရှိတယ်လို့တောင်မထင်ဘူး။ သူတို့အောက်က စီးထားတဲ့ ဖိနပ်တစ်ရံလောက်တောင် တန်ဖိုး မထားဘူး။ ကျနော်တို့ကို ကျွန်တစ်ယောက်လို သဘောထားပြီး ဆက်ဆံတယ်။
မေး = ပြည်သူလူထုအပေါ် ဘယ်လိုသတင်းစကားပါးချင်လဲ။
ဖြေ = ပြည်သူလူထုရှေ့ကနေ မားမားမတ်မတ်ရပ်မယ်၊ ပြည်သူလူထုရင်ခွင်ထဲကို ကျနော်က ခိုလှုံ တယ်။ အဲဒါကြောင့် စိတ်ဓာတ်ကို ခိုင်ခိုင်မာမာထား၊ ကျနော်တို့သွားရမယ့် ပန်းတိုင်ရောက်ကို ရောက်မယ်၊ ရောက်အောင်လဲသွားမယ်။ ပြည်သူလူထုအနေနဲ့လည်း ဘာမှ မဖြစ်နဲ့၊ ကိုယ်သွားရမယ့် လမ်းကြောင်းကို ဖြောင့်ဖြောင်းတန်းတန်းသွားပါ၊ ရကိုရစေရမယ်။ ရောက်အောင်လည်း ကျနော်တို့ က လုပ်မှာ။
Thanlwin Myanmar Media