Ayeyarwaddy News

0 0
Read Time:2 Minute, 48 Second

အင်္ဂပူမြို့နယ်၊ စစ်မှုထမ်းစုဆောင်းနေသူ ကွင်းကောက်တိုက်နယ်အုပ်ချုပ်ရေးမှူးစိုးသိန်းကို ဗုံးခွဲ တိုက်ခိုက်မှု ကားတစ်စီးပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၃

 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ် အုပ်ချုပ်ရေးမှူး စိုးသိန်းကို ဗုံးခွဲ တိုက်ခိုက်ခဲ့ ရာ စိုးသိန်းစီးနင်းသည့် ကားထိခိုက်ပျက်စီးခဲ့ကြောင်း R-14 UG တပ်ဖွဲ့ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၂၀ ရက်နေ့က အင်္ဂပူမြို့နယ်၊ ကွင်းကောက်တိုက်နယ် အုပ်ချုပ်ရေးမှူး စိုးသိန်းသည် ကွင်းကောက်မြောက် အုပ်ချုပ်ရေးမှူးရုံးအတွင်း၌ ရှိနေစဉ် သတိပေးသည့်အနေဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ၎င်းစီးနင်းသော ကားခေါင်းပိုင်းထိခိုက်ပျက်စီးခဲ့ပြီး ရုံးရှေ့ရှိနံရံများလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

“တတက ၅ နဲ့ နီးတော့ စခတွေ ချက်ချင်းရောက်လာပါတယ်။ ကျနော်တို့ လက်ပစ်ဗုံးနဲ့ပစ်တာကို ဒရုန်းနဲ့ချတယ်ထင်နေကြတာ၊ အုပ်ကြီးက ကားပေါ်အတက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လူထိ မသွားဘူး။ ကွင်းကောက်တစ်မြို့လုံးက အုပ်ကြီးကို မုန်းနေကြတာ။ အဲဒီလူသေသွားရမှာလို့ မြို့ ထဲမှာတော့ပြောနေကြတယ်။ သူက ကျေးရွာအုပ်စု ၂၂ စုကို ကိုင်ထားတဲ့ တိုက်နယ်အုပ်ကြီး၊ မြို့နယ် ကြံ့ဖွတ်အတွင်းရေးမှူးလည်း လုပ်တယ်။ ကျနော်တို့ ဧရာဝတီတိုင်း ပြင်ပကိုရောက်နေပါပြီ” ဟု R-14 UG တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်ပြောင်းဖူးက ပြောကြားသည်။

 

ကွင်းကောက် တိုက်နယ် အုပ်ချုပ်ရေးမှး သိန်းစိုး သည် ကျေးရွာအုပ်စု ၂ အုပ်စုတွင် စစ်မှုထမ်းစု ဆောင်းရေးကို တာဝန်ခံကာ လူငယ်များကို အတင်းဓမ္မ စစ်တပ်အတွင်း ထည့်သွင်းခြင်း၊ ပြည်သူ များ ထံမှ အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်း နှင့် စစ်ကောင်စီ လက်အောက်တွင် ပျူစောထီး (၁ ပွင့်ဗိုလ်) အဖြစ် ဦးဆောင်ပါဝင်နေခြင်းတို့ကြောင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

 

ဟင်္သာတခရိုင်နှင့် မြန်အောင်ခရိုင်အတွင်းရှိ အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးများ အနေဖြင့် နောက် နောင်တွင် စစ်ကောင်စီအလိုကျ လိုက်လံလုပ်ဆောင်မည်ဆိုပါက ပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *