ပြည်အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက သေနတ်ပစ်ဖောက်ကာ နိုင်ငံရေးအကျဉ်းသား များကို ရိုက်နှက်မှုကြောင့် ၅ ဦးထက်မနည်း ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၃
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ အကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက သေနတ်ပစ်ဖောက် ကာ နိုင်ငံရေးအကျဉ်းသားများကို ဝင်ရောက်ရိုက်နှက်မှုကြောင့် ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရသည်။
ယနေ့ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ပြည်မြို့ရှိ ပြည်အကျဉ်းထောင် အ တွင်းမှ စားရိပ်သာတာဝန်ခံ (ဖိုခေါင်း)ဖြစ်သူ အကျဉ်းသား လင်းထိန် ဆိုသူမှ မည်သို့မျှအကြောင်းပြ ပြောဆိုခြင်းမရှိပဲ လက်သီးဖြင့် နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ထိုးခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေး အကျဉ်းသား (၁၀၀) ကျော်ခန့်မှ မိန်းဂျေးရှေ့သို့ သွားရောက်ပြီး ကျူးလွန်သူ လင်းထိန်အား ရေးယူ ပေးပါရန် ထောင်မှူး (နှစ်ပွင့်အရာရှိ) ဦးကျော်အောင်ထံ ငြိမ်းချမ်းစွာ တင်ပြ တောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ တောင်းဆို နေစဥ် အကျဉ်းထောင်ဗဟိုကင်းမှ သေနတ် (၂) ချက် ပစ်ဖောက်ကာ အကျဉ်း ထောင်ဝန်ထမ်း တစ်ပွင့်အရာရှိ တေဇာဝင်း ၏ မိန့်ပေးစေခိုင်းမှုဖြင့် ထောင်ဝန်ထမ်း ဥက္ကာမိုး ပါ ၂ ဦး နှင့် အခြားရာဇဝတ်အကျဉ်းသားဖြစ်သူ အကျရုံးတွင် တာဝန်ကျသည့် အကျဉ်းသား စူပါဖိုး၊ အခန်း စာရေးငတိ ပါအဖွဲ့တို့မှ ဝါးဆစ်တုတ်များ၊ သစ်သားတုတ်များ၊ ဓါးများကိုင်ဆောင်ကာ နိုင်ငံရေး အ ကျဉ်း သားများအား ဝင်ရောက်ရိုက်နှက်ပြီး ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ဝင်ရောက်ရိုက်နှက်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသား (၅) ဦးမှာ ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ၊ ခြေထောက် ပေါက်ပြဲ ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသားများမှ မတရားဖိနှိပ်မှုမပြုရန်နှင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက် အရေးယူပေးရန် ဆက်လက်တောင်းဆိုထားကြောင်းနှင့် ဖိနှိပ်ခံ နိုင်ငံရေးအကျဉ်း သားများနှင့် အတူ ရပ်တည်သွားမည်ဖြစ်ပြီး ဆက်လက်ေစာင့်ကြည့်ဝန်းရံသွားမည်ဖြစ်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။