Magway News

0 0
Read Time:2 Minute, 33 Second

MNDAA က ပြန်လွှတ်ပေးသည့် စစ်သားများကို ဂန့်ဂေါမြောက်ပိုင်းရှိ ပျူစခန်းများကို ပို့ဆောင်ကာ စစ်တိုက်ခိုင်းနေ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၃

 

ရှမ်းပြည်နယ်မြောက်ပိုင်းတိုက်ပွဲအတွင်း အလံဖြူထောင်လက်နက်ချအညံ့ခဲ့သဖြင့် MNDAA အဖွဲ့က ပြန်လွှတ်ပေးသည့် စစ်သားများကို ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ပျူစခန်းများသို့ ပို့ဆောင်ကာ ပြန် လည် စစ်တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် ယောအလင်းတန်းထံမှ သိရ သည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီခန့်က ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ ဟံသာဝတီကျေးရွာ ပျူစခန်းကို မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းစစ်ဌာနချုပ်- နမခမှ Mi 17 စစ်ထောက်ပို့ ရ ဟတ်ယာဥ် ၂ စီးဖြင့် စစ်ကောင်စီတပ်သား အင်အား ၅၀ ဦးခန့်ကို ထပ်မံအင်အားဖြည့်ချထားပေးခဲ့ ကြောင်း၊ ၎င်းတို့နှင့်အတူ Paramotor (စက်တပ်လေထီး) ၂ ခုလည်း ဖြည့်တင်းခဲ့ကြောင်း သိရသည်။

Photo – လားရှိုးမြို့တိက်ပွဲအတွင်း ဖမ်းဆီးခံရသော စစ်ကောင်စီတပ်သားများ

ယင်းပျူစခန်းသို့ ဖြည့်တင်းထားသော စစ်ကောင်စီတပ်သားများသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှို့းမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – ရမခ ကို MNDAA တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်စဉ် အလံဖြူထောင် လက်နက်ချခဲ့သူဖြစ်ပြီး MNDAA တပ်ဖွဲ့က ၎င်းတို့ကို လူသားချင်း စာ နာမှုဖြင့် ပြန်လွှတ်ပေးပြီးနောက် စစ်ကောင်စီတပ်က ပြန်လည်ခေါ်ယူကာ ယခုအခါရှေ့စစ်မျက်နှာ သို့ ပြန်လည် ပို့ဆောင်ကာ စစ်တိုက်ခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

 

ထိုသို့ အင်အား ဖြည့်တင်းထားသော စစ်ကောင်စီတပ်သားများသည် ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ပိုင်းက ဟံသာဝတီရွာ၊ ကုက္ကားရွာ နှင့် မြောက်ခင်ရန်းရွာတို့မှ ပျူများနှင့် ပူးပေါင်းကာ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကိုင်းတိုင်း ၊ ကလေးမြိုနယ်တောင်ပိုင်းက ကြံသာရွာဘက်ကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ ကြောင်း၊ ယင်းစစ်ကြောင်းသည် ယနေ့ (ဖေဖော်ဝါရီလ ၂၃ ရက်) အထိ ကြံသာရွာထဲ၌ပင်ရှိနေသေး ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *