International News

1 0
Read Time:5 Minute, 35 Second

ပြည်ပရောက်မြန်မာနိုင်ငံသားများကို ဖိနှိပ်နေသည့် စစ်ကောင်စီလက်အောက်ခံ သံရုံးဝန်ထမ်း ၁၈ ဦး ကို NUG အစိုးရက အမည်ပျက်စာရင်းထည့်သွင်းကြောင်း ကြေညာ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၃

 

ပြည်ပရောက်မြန်မာနိုင်ငံသားများကို ဖိနှိပ်နေသည့် စစ်ကောင်စီလက်အောက်ခံ သံရုံးဝန်ထမ်း ၁၈ ဦး ကို NUG အစိုးရက အမည်ပျက်စာရင်းထည့်သွင်းကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ကြေညာသည်။

 

အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးဖြင့် နိုင်ငံတော်၏အာဏာကို မတရား သိမ်းပိုက်ခဲ့သည့် အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်တွင် အမိန့်ညွှန်ကြား ချက်များကို နာခံကာ ဆောင်ရွက်လျက်ရှိသည့်အပြင် အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ကြ သည့် စီဒီအမ်ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်ခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အမှန်တရား များအား ဖုံးကွယ်၍ စစ်အာဏာရှင်နှင့် ပူးပေါင်းကြံစည် လိမ်လည် လှည့်ဖြားပြီး နိုင်ငံတကာအသိုင်း အဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းများ ဖြန့်ဝေ ခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေဝန်ထမ်းများအား ဤဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ်၊ (၄/၂၀၂၁) နှင့် အမိန့်ကြော်ငြာစာအမှတ်၊ (၁/၂၀၂၂) တို့ဖြင့် အမည်ပျက်စာရင်း (Blacklist) တွင် ထည့်သွင်းကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ထို့ပြင် ကြေညာချက်အမှတ်၊ (၈/၂၀၂၁) ကို ထုတ်ပြန်၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံးနှင့် ကောင်စစ် ဝန်ချုပ်ရုံးများတွင် တာဝန်ထမ်းဆောင်နေကြသည့် သံအမတ်ကြီးများနှင့် သံတမန်များအနေဖြင့် အ ကြမ်းဖက်စစ်အုပ်စုအား ကိုယ်စားမပြုဘဲ “ပြည်သူသာ အဓိက၊ ပြည်သူနှင့်အတူ” ဟူသော ဆောင် ပုဒ်နှင့်အညီ အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ပေးရန် သတိပေးနှိုးဆော်ခဲ့ပြီးဖြစ်ကြောင်း အ သိ ပေးထားသည်။

 

သို့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် လူမဆန်စွာ မတရား နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်၍ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို မျက်ကွယ်ပြုကာ နိုင်ငံ တကာအသိုင်းအဝိုင်းသို့ မ ဟုတ်မမှန်သည့် သတင်းမှားဝါဒဖြန့်မှုများအား အကြမ်းဖက်စစ် အုပ်စု၏ ဒေါက်တိုင်များအဖြစ် ဆက် လက်လုပ်ဆောင်နေသည့်အပြင်၊ ပြည်ပရောက် မြန်မာ နိုင်ငံသားများအား ကူညီ၊ ကာကွယ်စောင့် ရှောက်ရမည့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရမည့် အစား မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက် မှတ် သက်တမ်းတိုးရန်ကိစ္စများ၊ ကောင်စစ် ရေးရာကိစ္စများနှင့် ပြည်ပ၌ ဆက်လက်နေထိုင်၊ အလုပ် လုပ်ကိုင်ရေးတို့တွင် ပိုမိုခက်ခဲ ကျပ်တည်းစေရန် မြန်မာနိုင်ငံသားများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှု များ လုပ်ဆောင်နေကြပြီး၊ အကြမ်းဖက်စစ်အုပ်စု၏ မတရားအဓမ္မစစ်သားစုဆောင်းမှုနှင့် မတရား ဖိနှိပ်မှုများကို လက်ပါးစေပီသစွာ ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ပေးနေသည့်အတွက် ယခင် ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် ပါရှိပြီးသူများကို ထပ်လောင်း သတိပေးလိုက်ကြောင်း NUG အစိုးရ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အောက်ဖော်ပြပါ အကျင့်ပျက် လက်ပါးစေများအား ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း(Blacklist) (တတိယအသုတ်) တွင် ထည့်သွင်းလျက် ပြင်းထန်စွာ သတိပေးလိုက်ကြောင်း ၊ ၎င်းတို့မှာ –

 

(က) ဦးဝဏ္ဏဟန်၊ မြန်မာသံရုံး၊ အစ္စလာမာဘတ်မြို့ ။

(ခ) ဦးအောင်မျိုးမြင့်၊ မြန်မာသံရုံး၊ ဂျကာတာမြို့ ။

(ဂ) ဦးအောင်စိုးဝင်း၊ မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့။

(ဃ) ဦးသစ်လင်းအုန်း၊ မြန်မာသံရုံး၊ မော်စကိုမြို့ ။

(င) ဦးကျော်ဇေယျ၊ မြန်မာသံရုံး၊ ပါရီမြို့ ။

(စ) ဦးစိန်ဦး၊ မြန်မာသံရုံး၊ ပရီတိုးရီးယားမြို့ ။

(ဆ) ဦးတင်ယု၊ မြန်မာသံရုံး၊ ရီယာဒ်မြို့ ။

(ဇ) ဒေါ်မွှေးမွှေးခိုင်၊ မြန်မာသံရုံး၊ ရောမမြို့ ။

(ဈ) ဦးသန့်စင်၊ မြန်မာသံရုံး၊ ဆိုးလ်မြို့ ။

(ည) ဦးအောင်ကို၊ မြန်မာသံရုံး၊ ဗီယင်ကျန်းမြို့ ။

(ဋ) ဒေါ်ခင်စန္ဒာ၊ မြန်မာသံရုံး၊ ဘန်ဒါဆရီဘီဂါဝန်မြို့ ။

(ဌ) ဦးမိုးနိုင်အောင်၊ မြန်မာသံရုံး၊ ဟားဗားနားမြို့။

(ဍ) ဦးဝင်းဇေယျာထွန်း၊ မြန်မာသံရုံး၊ လန်ဒန်မြို့ ။

(ဎ) ဦးစန်းယုကျော်၊ မြန်မာသံရုံး၊ မနီလာမြို့ ။

(ဏ) ဦးဟန်သိန်းကျော်၊ မြန်မာသံရုံး၊ ဘာလင်မြို့ ။

(တ) ဦးအောင်အောင်မျိုးသိမ်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကောလ်ကတ္တားမြို့ ။

(ထ) ဒေါက်တာဇော်လင်းမောင်၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ လော့စ်အိန်ဂျလိစ်မြို့ ။

 

တို့ဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
100 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *