Poem

0 0
Read Time:1 Minute, 1 Second

ကဗျာကဏ္ဍ “ညီညာက ပြည်သာ”

 

ပျိုးကြဲလက်

 

ပြည်တော်ဝင် လမ်းတလျှောက်မှာဖြင့်

မိုးသောက် ရောင်နီလွှမ်းသလိုပါ့

အောင်ပန်းတွေ အထပ်ထပ်နဲ့

ပြည့်တပ်က အပြောကြွယ် ။

 

မေတ္တာမှန် တကယ်ရသူမို့

ပစ်ခွါရန် ဘယ်မရပါဘု

မတူသူ အခါအခါတုပေမယ့်

ရှင်ဘုရင့် ကိုယ်ဝတ်ပုဆိုး

ပိုးချည်းပေါ့ကွယ် ။

 

စစ်ကျွန်မခံ လွတ်လမ်းက

စနစ်လွန်ဆန် တမွတ်နန်းဆီသို့

လက်ကမ်းလို့ ဆက်လှမ်းစို့

ဘဝဂ်နန်းမို့ စွန့်စားတယ်

စိတ်ထားဝယ် တသားတည်း ။

 

ဖိအားအဖုံဖုံ ပြည်ခြားကခြယ်လှယ်ပုံနဲ့

သွေးချင်းစုံ ညီနောင်များမှာလ

ပြည့်အားအင် သိမ်းကျုံးဆောင်လို့

ပြည်ထောင်ကို ညီစေကြောင်းရယ်နဲ့

ပေါင်းစုဖွဲ့စည်း ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်

Thanlwin Myanmar Medai

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *