ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီးစခန်းမှ ထွက်လာသော စစ်ကြောင်းကို ၂ ရက် ဆက်တိုက်ခိုက်မှု စစ်သား ၄၀ ခန့်သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီစခန်းမှ ထွက်လာသော စစ်ကြောင်းကို ၂ ရက် ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄၀ ဦးခန့်သေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲ ထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက် မွန်းတည့် ၁၂ နာရီခန့်က ချောင်းဦးမြို့နယ်၊ ကင်းမွန်ထော်ရွာ ပျူစောထီး စခန်းမှ အင်အား ၇၀ ကျော်ဖြင့် ထွက်လာသော စစ်သား၊ ပျူစောထီးများကို တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ အများအပြား ထိခိုက်သေဆုံးပြီး ပြန်ဆုတ်ပြေးသွားကြောင်း၊ ထိုနောက် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း အင်အား ၇၀ ကျော်ဖြင့် ထပ်မံထွက်ခွာလာရာ တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သေတာက ၄၀ လောက်ရှိတယ်။ ဒဏ်ရာရတာလည်း ၄၀ လောက်ရှိတယ်။ တိုက်ပွဲက ၂ ရက်ဖြစ် တာ၊ ၂ ရက်ပေါင်းဆိုရင် အင်အားက ၁၅၀ လောက်ရှိမယ်။ ထိတွေ့တိုက်ပွဲကတော့ ညနေ ၅ နာရီ လောက်ဖြစ်တာ၊ လက်နက်တွေသိမ်းဆည်းရရှိခဲ့တာတော့ မရှိဘူး။ ၁၇ ရက်နေ့ထွက်လာလို့ တိုက်ပွဲ ဖြစ်တယ်၊ ပြန်ဆုတ်သွားတယ်၊ နောက်ရက်တစ်ခါထပ်ထွက်လာလို့ ထပ်ဖြစ်တာ” ဟု BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ပစ်ကူပေးတိုက်ခိုက်ခဲ့ သည့်အပြင် မြပုလဲဆီဆိုင်၌ အထိုင်ချထားသော စစ်တပ်စခန်းမှလည်း ၁၂၀ မမ လက်နက်ကြီးဖြင့် အမြောက်အများ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စစ်ဒေသ ၃ BLDF တပ်ခွဲ အ ညာမိုင်း တပ်ဖွဲ့အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက် ညနေ ၆ နာရီခွဲခန့်ကလည်း မုံရွာမြို့ အခြေစိုက်အနောက်မြောက် တိုင်းစစ်ဌာနချုပ် -နမခ မှ စစ်ကူထွက်လာသည့် သံပြားကာ ကား ၂ စီးကို မုံရွာ -ချောင်းဦး လမ်းမ ပေါ် ခင်မွန်ကျေးရွာ တောင်ဘက်တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦး စစ်ဒေသ ၃ BLDF တပ်ခွဲ အညာမိုင်း မှ ရှေ့ထွက်မိုင်း ၂ လုံး၊ ပဒေသာမိုင်း ၃ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သားများကို ချောင်းဦးမြို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
Thanlwin Myanmar Media