Mandalay News

0 0
Read Time:2 Minute, 13 Second

မြင်းခြံမြို့နယ်အတွင်းရှိ စစ်ကောင်စီလျှပ်စစ်ဓာတ်အားကိုများကို သိမ်းယူကာ စစ်တပ်က မီးရှို့ဖျက် ဆီးထားသော ကျေးရွာအတွက် လျှပ်စစ်မီး ရရှိရေး လုပ်ဆောင်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၂

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီပိုင် လျှပ်စစ်ဓာတ်အားလိုင်းကြိုးများ ကို သိမ်းယူကာ စစ်တပ်က မီးရှို့ဖျက်ဆီးထားသည့် ကျေးရွာနေပြည်သူများ လျှပ်စစ်မီးရရှိ ရေးလုပ် ဆောင်ပေးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က မြင်းခြံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီး ဌာန၊ လျှပ်စစ်ဓာတ်အားပေးရုံးမှ Cable ကြိုးများနှင့် အခြားလျှပ်စစ်နှင့် ဆက်စပ် ပစ္စည်း အချို့ကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် -၉ တပ်ရင်း ရဲဘော်များက လုံခြုံရေးအပြည့်ယူကာ ပြန်လည်သိမ်းယူခဲ့ကြောင်း သိရသည်။

ထိုသို့ သိမ်းယူထားသော ပစ္စည်းများကို မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာတာဝန်ခံများဖြင့် ပူးပေါင်း ကာ အကြမ်းဖက် စစ်အုပ်စုက မီးရှိဖျက်ဆီးထားခဲ့သည့် ရွာများထဲမှ ရွာတစ်ရွာတွင် လျှပ်စစ်မီး ပြန် လည်ရှိနိုင်ရေးအတွက် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ယခုအခါ ယင်းကျေးရွာနေပြည်သူ ၆၀ ရာခိုင်နှုန်း ကို  လျှပ်စစ်မီး ရရှိကာ အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

 

Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် -၉ တပ်ရင်းအနေဖြင့် ကိုယ်ကျိုးအတွက် အသုံး ပြုခြင်း မျိုး မဟုတ်ဘဲ စိုးမိုးနယ်မြေအတွင်းရှိ အများပြည်သူများ ပြန်လည်အဆင်ပြေရေးနှင့် ကောင်း မွန်စွာ နေထိုင်နိုင်ရေးအတွက် မည်သည့်ပုံစံမျိုးနှင့်မဆို တရားနည်းကျကျ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *