TNLA News

0 0
Read Time:3 Minute, 55 Second

နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်ကို စစ်တပ်လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ပြည်သူ ၅ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နောင်ချိုမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့ကိုစစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၈ နှစ်အရွယ်မိန်းကလေး တစ်ဦးအပါ အဝင် ပြည်သူ ၅ ဦးသေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ဖေဖော်ဝါရီလ ၂၀ ရက် ည ၈ နာရီ မိနစ် ၂၀ က မိုးမိတ်မြို့နယ်၊ ဝဲဘောင်းကျေးရွာ ကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၈ နှစ်အရွယ် မထက်မြတ်နိုး အသက် ၂၃ နှစ်အရွယ် မမေဇင်ထက် နှင့် အသက် ၃၀ အရွယ် ကိုဇော်မင်းလွန်တို့ သေဆုံး ခဲ့ကြောင်း သိရသည်။

ထို့အပြင် အသက် ၂၁ နှစ်အရွယ် မရွှေသန့်ဝေ ၊ အသက် ၂၃ နှစ်အရွယ် ကိုပြည့်စိုင် ၊ အသက် ၃၂ နှစ် အ ရွယ် ဒေါ်သိန်သိန်ညို ၊ ဦးရန်အောင်၊ ဦးမိုးလွန်၊ ကိုသောင်းလွန်နှင့် ဒေါ်နွယ်တို့ ထိခိုက်ဒဏ်ရာ ရ ရှိခဲ့ပြီး နေအိမ် ၅ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် ညသန်းခေါင်ယံ အချိန် ၁၂ နာရီ ၁၅ မိနစ်မှ နံနက် ၁ နာရီ မိနစ် ၃၀ အ ထိစစ်ကောင်စီတပ်မှ Y-12 လေယာဉ်ဖြင့် နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာကို ဗုံး ၅ လုံးနှင့် တောင် ရှည်ကျေးရွာကို ဗုံး ၂၇ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အများအပြား ထိ ခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း နောင်ချိုမြို့နယ်လောက်ဖန်းကျေးရွာကို စစ်ကောင်စီ တပ်က လေကြောင်း အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ကလေးငယ်အပါ အဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲ တိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက အသိပေးထားသည်။

 

စစ်ကောင်စီတပ်သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သည့် ဖေဖော်ဝါရီလ ၁၆ ရက်မှ ဖေဖော် ဝါရီလ ၂၂ ရက်အထိ လက်နက်ကြီးနှင့် လေကြောင်းကို အသုံးပြုပြီး လာရောက်ပစ်ခတ်တိုက်ခိုက်မှု ကြောင့် တအာင်းပြည်အတွင်းရှိ ကလေးတစ်ဦးအပါအ၀င် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၄ ဦး သေဆုံး ခဲ့ကြောင်း၊ ထို့အပြင် ကလေး (၁)ဦး၊ အမျိုးသား (၇)ဦးနှင့် အမျိုးသမီး (၇)ဦးတို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ၊ ဘုန်းကြီးကျောင်းဆောင်နှင့်  ပြည်သူနေအိမ် (၁၁)လုံး ထိမှန်ပျက်စီးခဲ့ ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *