Buthitaung News

0 0
Read Time:2 Minute, 45 Second

ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေးပဋိပက္ခ အရှိန်မြင့်တက်လာစေရန် စစ်ကောင်စီက ယုတ်မာ ကောက်ကျစ်သည့် အကြံဆိုးဖြင့် လုပ်ဆောင်နေဟု NUG သတိပေး

 

D Day News

ဧပြီလ ၂၁

 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာစေရန် အကြမ်း ဖက်စစ်ကောင်စီက ယုတ်မာကောက်ကျစ်သည့်အကြံဆိုးဖြင့် လုပ်ဆောင်နေကြောင်း NUG အစိုးရ က သတိပေးထားသည်။

 

ဘူးသီးတောင်မြို့အတွင်း၌ အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ် အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အဖွဲ့အစည်း များ ၏ ရုံးအဆောက်အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်းနှင့် အကြမ်းဖက်မှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့်အပြင် လူမျိုးရေးပဋိပက္ခဖြစ်စေရန် ရည်ရွယ်၍ ရခိုင်ပြည်နယ်အတွင်း နေထိုင် ကြသည့် ရိုဟင်ဂျာများအား (တရားမဝင် အဓမ္မ) စစ်သားအဖြစ် စုဆောင်းကာ စစ်သင်တန်းများ ပို့ချ ပြီး လက်နက်များ တပ်ဆင်ပေးလျက်ရှိလျက်ကြောင်း သိရသည်။

 

ထို့အတူ အကြမ်းဖက်စစ်တပ်အား တော်လှန်တိုက်ပွဲဝင်နေသည့် အာရက္ခတပ်တော်အား ရိုဟင်ဂျာ များက ဆန့်ကျင်နေကြောင်း ထင်မှတ်မှားစေသည့် ဖိအားပေးစေခိုင်းမှုများနှင့် အတူ အတုအယောင် ဆန္ဒပြပွဲများ ကျင်းပစေကာ လူမျိုးရေး ပဋိပက္ခ အရှိန်မြင့်တက်လာအောင် ယုတ်မာကောက်ကျစ် သည့် အကြံဆိုးဖြင့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရှိရကြောင်း NUG အစိုးရက ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 

ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်နေကြသည့် အဖျက်အမှောင့်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ရခိုင်ပြည်နယ် အတွင်းနေ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်၏ လူမျိုး ရေး၊ ဘာသာရေး ပဋိပက္ခဖြစ်စေရန် ပြုလုပ်နေသည့် နိုင်ငံရေးလှည့်ကွက်များအား လူမျိုးစု အချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ နားလည်သည်းခံမှုတို့ဖြင့် သတိထား ကျော်ဖြတ်ကြရန် အမျိုးသားညီညွတ်ရေး အစိုးရက အထူးအလေးအနက်ထား မေတ္တာရပ်ခံ ပန်ကြားထားသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *