Mon State News

0 0
Read Time:3 Minute, 21 Second

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကားကင်းစခန်းကို ဒရုန်း၊ လက်နက် ကြီးများဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂၀

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်း စခန်းတစ်ခု ကို  ဒရုန်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဝေါမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်က ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း၏ ကာကင်းစခန်းတစ်ခုဖြစ်သည့် ကျောက်မိုင်းအနီးရှိ စခန်းကို စစ် အင်အားများ ထပ်မံဖြည့်တင်းထားကြောင်း သတင်းရရှိသဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒရုန်း၊ ၆၀ မမ လက် နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိပြီး လူနာတင် ကားများဖြင့် သယ်ထုတ်သွားကြောင်း သိရသည်။

“နဂို ၁၅ ယောက်လောက်ရှိတဲ့ ကာကင်းစခန်းကို အင်အား ၅၀ လောက်ထပ်ဖြည့်တယ်၊ ၁၂၀ မမ ၊ ၆၀ မမနဲ့ ပြန်ပစ်တာ ၁၅ လုံးကျော်တယ်။ ပစ်တော့ ကျနော်တို့ဘက်ကလည်း ဒရုန်းနဲ့ တယ်၊  ဒရုန်း နဲ့ ၅ လုံး ၆ လုံးချတယ်၊ လက်နက်ကြီးက ၄ လုံးလောက်ပစ်တယ်။ ထိခိုက်သေဆုံးမှုတော့ ရှိတယ်။ လူနာတင်ယာဉ်နဲ့ သယ်တာက ပဲခူးဘက်ကို သယ်ထုတ်သွားတယ်လို့ ကြားတယ်။ သိမ်ဇရပ်မှာဆိုရင် အမြောက်တပ်ရှိတယ်။ ခမရ ၂၀၇ ရှိတယ်။ သူတို့က တပ်ဝန်းထဲမှာ မနေဘူး။ ကာကင်းတွေနဲ့ အပြင် မှာ နေကြတယ်၊ ကင်းပုန်းတွေဝပ်တယ်၊ ခံစစ်ကတုတ်တွေပြင်တယ်။ PDF တွေလာတိုက်မယ်ဆိုတဲ့ သတင်းကြောင့်ပေါ့။ မနေ့က မတိုင်ခင် ၂ ရက်လောက် သူတို့ကာကင်းထုတ်ထားတဲ့ ကင်းသမားကို စနိုက်ပါနဲ့သွားပစ်တာ သေသွားတယ်၊ အဲဒီလှုပ်ရှားမှုအတွက်ကို လှုပ်ရှားမှုတွေနည်းနည်းလေးလုပ် လာတဲ့သဘောဖြစ်တာ။” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အင်းတကော် ဒရုန်းအဖွဲ့၊ ကဝ(ပကဖ) နှင့် ဝေါ(ပကဖ) အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ပြည်သူတွေကို တိုက်တွန်းချင်တာက မြို့သိမ်းတိုက်ပွဲတွေက သေချာပေါက်ဖြစ်မှာ။ အဲဒီတော့ ပြည် သူတွေအနေနဲ့ ခိုလှုံရမယ့်နေရာတွေ ၊ စစ်ရှောင်ရမယ့်နေရာတွေ၊ နောက်ပြီးတော့ ရိက္ခာတို့၊ ဆေးဝါး တို့ ကြိုတင်ပြင်ဆင်ထားပါလို့ ပြောပါရစေ” ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက တိုက်တွန်း ပြောကြားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *