နောင်ချိုမြို့ ဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၂၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့ရှိ ဆေးရုံကို အကြမ်းဖက်စစ်ကောင် စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည ၈ နာရီ ၁၃ မိနစ်က နောင်ချိုမြို့၊ ဘူတာရပ်ကွက်နှင့် ပြည်သူ့ ဆေးရုံပေါ်သို့ အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၂ လုံး ကြဲတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘူတာရပ်ကွက်တွင် နေထိုင်သည့် ဒေသနေပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြည်သူ့ဆေးရုံ ဗုံးပေါက်ကွဲမှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်လည်း နောင်ချိုမြို့ ၊ သပြေတောင် ဘုရားကုန်းပေါ်တွင် စစ်ကောင်စီ တပ်က လေကြောင်းကိုအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသနေပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံး ကြဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက အသိပေးထားသည်။
Thanlwin Myanmar Media