Mandalay News

0 0
Read Time:2 Minute, 54 Second

ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး အထိုင်စခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးမြို့အထိုင်မှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း TGYR-YouthGuerrillaCounterRevolution-NZ တပ်ဖွဲ့ထံ မှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၈ နာရီခန့်က ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးအထိုင်စခန်းမှ အင်အား ၈၀ ခန့်ဖြင့် အရှေ့ဘက်သို့ ထွက်လာသော စစ်သား၊ ပျူများကို ငါန်းမြာကြီးမြို့ အရှေ့ဘက် ဘုန်း ကြီးကျောင်းအရောက် ဒေသကာကွယ်ရေး တပ်ဖွဲ့များ နှင့် ထိတွေ့ တိုက်ပွဲဖြစ်‌ခဲ့ရာ စစ်သား၊ ပျူများ က ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်သွားကြောင်း သိရသည်။

ထိုသို့ ဝင်ရောက်သွားသည့်အကြမ်းဖက်စစ်ကြောင်းကို TGYR-တပ်ဖွဲ့ TGYR-Drone Team နှင့်အတူ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ Fixed Wings Drone Drone- ၅ စီး ဖြင့် 700.g ဗုံးသီး ၆ လုံး ကျဲချ တိုက်ခိုက်ခဲ့သည့်အပြင် မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့များကလည်း ၄၀ မမ ၆ လုံး ၊ ၈၀ မမ၈ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အထိနာသော အကြမ်းဖက်စစ်သား၊ ပျူများ အထိနာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အပြင် ညနေ ၃ နာရီအချိန်၌ Mi 35 ရဟတ်ယာဉ်ဖြင့် ဘုန်းကြီးကျောင်းပတ်ပတ်လည်ကို မိနစ် ၄၀ ခန့်ကြာသည်အထိ ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရ သည်။

 

အဆိုပါ တိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ (TGYR-Drone Team) ၊ ငန်းနတ် ပြောက်ကျားတပ်ဖွဲ့ ၊ မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း ၊ 925 – ပြောက်ကျားတပ်ဖွဲ့ ၊ ဧရာ မြွေပွေး ပြောက်ကျားတပ်ဖွဲ့ ၊ နယ်စီးမခြား ပြောက်ကျားတပ်ဖွဲ့၊ ငါန်းဇွန်မြို့နယ်-တိုက်နယ်၂ ပကဖ အဖွဲ့ ၊ ငါန်းဇွန်မြို့နယ် (မြို့နယ် ပကဖ) နှင့် အမရပူရမြို့နယ်(ပကဖ) တို့ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရဿည်။

 

အကြမ်းဖက်စစ်ကောင်စီတပ်က ငါန်းမြို့နယ်အတွင်းရှိ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်း ဖြင့်တိုက်ခိုက်မှုများအဆင်မပြတ်လုပ်ဆောင်နေသောကြောင့် မိဘပြည်သူများအနေဖြင့်လေကြောင်း သတိ၊ အသိရှိ စွာနေပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *