Mandalay News

0 0
Read Time:2 Minute, 1 Second

မြင်းခြံမြို့အဝင် ဇီးခြံစစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့အဝင်ရှိ ဇီးခြံဂိတ် (ခေါ်) ၁၈ ဂိတ်ရှိ စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၉ နာရီ ၃၀ မိနစ်က ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဆက် ကြေးကောက်ခြင်း၊ ဖမ်းဆီးခြင်း လုပ်ဆောင်နေသည့် မြင်းခြံမြို့အဝင်ရှိ ဇီးခြံဂိတ် (ခေါ်) ၁၈ ဂိတ်ရှိ အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် 2 kg ဗုံးသီး ၆ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံး ကာ ၇ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မြို့နားအထိဝင်တိုးတိုက်ခိုက်ခဲ့တာ။ အဲဒီဂိတ်က ပြည်သူတွေအပေါ် အနိုင်ကျင့်တယ်၊ ဆက်ကြေး ကောက်တယ်၊ ဖမ်းတယ်၊ သေတဲ့ ၂ ဦးက မျက်မြင်ပါ၊ အလောင်းတွေဆွဲထုတ်သွားတာ တွေ့ရတယ်။ ဒဏ်ရာရ ၇ ဦးထက်ထဲက ၄ ဦးက မစိုးရိမ်ရဘူး။ ၃ ဦးက အပြင်းအထန်ဒဏ်ရာရထားလို့ အသက်လု နေရတယ်လို့ သိရတယ်” ဟု ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း တပ်ရင်း မှူး ဆရာ လေး က ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင် အမှတ် ၁၈၄၄ ဒရုန်းတပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း နှင့် မြင်းခြံခရိုင်အမှတ် ၇ တပ်ရင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *