အထက်မင်းလှမြို့နယ်တွင် စစစ်တပ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက်ခိုက်မှု စစ်သား ၇ ဦးထက် မနည်း သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၉
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် အကြမ်းဖက်စစ်စစ်ကြောင်းကို ၂ ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ည်သူ့လွတ်လပ်ရေးတပ်တော် – PIA တပ်ဖွဲ့ထံမှ သိရ သည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်စခန်းနှင့် တစ်မိုင်ခွဲခန့်အကွာ၊ ပုသိမ် – မုံရွာ ကားလမ်းမကြီး တစ်နေရာတွင် အကြမ်းဖက်စစ်ကောင်စီမှ တွဲကားများဖြင့် ပုံဖျက်ချီတက် လာ စဉ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နှင့် ပြည်သူ့လွတ် လပ်ရေး အဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIO / PIA) ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်မှ MA 15 အလတ်စား စက်သေနတ်( ငါးကြင်းမြှီး ) ၊ RPG၊ 40 မမ ဗုံးပစ် လောင်ချာ၊ Drone များ အသုံးပြု၍ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က သရက်မြို့ ကပစ ၁၂ မှ စစ်ကူပေးရန် လက်နက်ခဲယမ်းများ တင်ဆောင်၍ ထွက်လာသည့် စစ်ကား ၁ စီးသည် မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအနီးအရောက် မတော်တဆ ပေါက်ကွဲမှု ဖြစ်ပွားကာ ကားပေါ် စီးနင်းလိုက်ပါလာသော စစ်သား ၈ ဦး အနက် ၂ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း အထက်မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်း ပိုင်း၊ ရှမ်းတပ်ကြီးရဲစခန်းမှ ချဉ်းကပ်ချီတက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ပြည်သူ့ ကာ ကွယ်ရေး ပူးပေါင်းတပ်များ အနီးကပ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထက်မနည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ပုသိမ် – မုံရွာ လမ်းမကြီးတွင် ခရီးသွားလာ လှုပ်ရှားနေသော မိဘပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ၎င်းတို့တပ် အခြေချရာနေရာများနှင့် နီးကပ်စွာနေ ထိုင်ခြင်းများ၊ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ သွားလာနေထိုင်ခြင်းများ၊ အကြမ်း ဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအား ပုံဖျက်သယ်ဆောင်ပေးမှုများ မပြုလုပ်ကြရန် အသိပေး ထား သည်။
ထို့အပြင် မိဘပြည်သူများအနေဖြင့် မင်းလှမြို့နယ်အတွင်း ခရီးသွားလာလှုပ်ရှားမှုများအား နံနက် ၆ နာရီ မှ ညနေ ၆ နာရီအတွင်း သွားလာလှုပ်ရှားကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေး အစီ အမံများအား တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ဆက်လက်၍ မေတ္တာရပ်ခံထား သည်။
Thanlwin Myanmar Media