Sagaing News

0 0
Read Time:2 Minute, 21 Second

စစ်ကိုင်းမြို့နယ်၌ KTV ဆိုင်အတွင်း သောက်စားနေသော စစ်သားများကို ဝင်‌ရောက်ပစ်ခတ် တိုက် ခိုက်မှု စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ပစ္စတိုသေနတ်တစ်လက်သိမ်းဆည်းရရှိ၊ စစ်တပ် KTV ကို မီးရှို့ဖျက် ဆီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၌ KTV ဆိုင်အတွင်း သောက်စားနေသော စစ်သားများကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ပစ္စတိုသေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Burmese Revolution Force – BRF တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ မန်ကျည်းစဉ်ကျေးရွာ၌ စစ်ကိုင်း တပ်မ ၃၃ မှ စစ်သား အထိုင်ချထားသည့် လွင်မိုးတိုက်အနီးရှိ လင်းလက်ပါဝါ KTV ဆိုင်တွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၄ ဦး သောက်စားပျော်ပါးနေကြောင်း သတင်းအရ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂ ဦးမှ လက်လုပ် ပစ္စတို ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ပစ္စတို သေ နတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

“အဲဒီလွင်မိုးတိုက်က စခတွေက ဆီသည်တွေတို့၊ တချို့ရွာတွေက ထော်လာဂျီနဲ့ ကားတွေကို ဖမ်းပြီး လိုချင်တာ ယူတတ်ကြတယ်။ အခုဝင်ပစ်ခဲ့တာကလည်း အဲဒီလွင်မိုးတိုက်အနီးမှာရှိတဲ့ KTV ဆိုင်ထဲ မှာပါ၊ ကျနော်တို့ဘက်က လက်လုပ်နဲ့ဝင်ပစ်တာ၊ ကျန်တဲ့ ၃ ယောက်က ထွက်ပြေးသွားတယ်၊ ကျ နော်တို့လည်း အထဲဝင်ပြီး ပစ်ရင်းကောက်ရင်း ပြေးခဲ့ရတာပါ” ဟု Burmese Revolution Force – BRF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Burmese Revolution Force – BRF တပ်ဖွဲ့ဝင် ရဲဘော်များက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရဲဘော် ၂ ဦးစလုံး ဒဏ်ရာရရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် KTV ဆိုင်ကို အကြမ်းဖက်စစ်သားများက မီးရှို့ဖျက် ဆီးသွားကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *