Bago News

0 0
Read Time:2 Minute, 45 Second

ပေါင်းခေါင်း မြို့နယ်တွင် ရိက္ခာပို့စစ်ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၉ ဦး သေဆုံးပြီး ကား ၂ စီးမီးလောင်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၉

 

ပဲခူးတိုင်း၊ ‌ပေါက်ခေါင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ် ရိက္ခာပို့ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ ရာ စစ်သား ၉ ဦး သေဆုံးပြီး ကား ၂ စီးမီးလောင်ပျက်စီးခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ (PPDF ၃၆၀၁ တပ်ရင်း) ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၈ ရက် နံနက် ၅ နာရီ ၄၀ မိနစ်အချိန်က ပေါက်ခေါင်းမြို့နယ်အတွင်းရှိ စစ် တပ်ဂိတ်များကို ရိက္ခာ၊ ခဲယမ်းများ လိုက်လံလံပို့ဆောင်ပေးနေသည့် စစ်တပ် ကား ၂ စီးကို ပေါက် ခေါင်းမြို့နယ် ပြည်-ပေါင်းတလည်ကြား တောင်ဆင်းဝကွေ့အနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၉ ဦး နေရာမှာပင် ပွဲချင်းပြီး သေဆုံးပြီး ရိက္ခာပို့ကား ၂ စီးလုံးမီးလောင်ပြာကျသွားကြောင်း သိရ သည်။

စစ်ကား ၂ စီးမီးလောင်စဉ် ကားပေါ်ပါ ဆီပေပါများ ပေါက်ကွဲသည့်အပြင် လက်ပစ်ဗုံး၊ ကျည်ဆံနှင့် အခြား ၄၀ မမ ဗုံးသီးများပါ ပေါက်ကွဲမှုဖြစ်ပေါက်ခဲ့သဖြင့် ကားအနီးသို့ ကပ်ခွင့်မရပဲ လက်နက်ခဲ ယမ်းများ ကောက်ယူနိုင်ခဲ့ခြင်းမရှိကြောင်း၊ သို့သော်လည်း မီးကူးစက်လောင်ကျွမ်းခြင်းမရှိသည့် နေရာမှ လက်ပစ်ဗုံး ၁ လုံးနှင့် ကျည်ဆံအချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (၃၆၀၁ PPDF တပ်ရင်း) မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေးအရှိန်မြှင့်တင်နေပြီဖြစ်သောကြောင့် မိဘပြည် သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စားနပ်ရိက္ခာပစ္စည်းများ၊ ဆိုင်ကယ်၊ ကား တို့ကို ငှားရမ်းခြင်း ၊ကုန်ပစ္စည်များကို တင်ဆောင်လိုက်ပို့ခြင်းများ မပြုကြပါရန် နှင့် ထိုသို့ လုပ် ဆောင်မှုများကြောင့် တစုံတရာဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းသွားမည် မဟုတ်ကြောင်း အသိ ပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *