Myawaddy News

0 0
Read Time:2 Minute, 10 Second

မြဝတီမြို့တိုက်ပွဲတွင် စစ်တပ်က လေကြောင်းဖြင့် တိုက်ခိုက်၊ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၁

 

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့ အမှတ် (၂) တံတားဝန်း ကျင်၌ တိုက်ပွဲဖြစ်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက် လျက်ရှိရာ ပြည်သူများထွက်ပြေးတိမ်းရှောင်နေရ KNU ဗဟိုက ရုပ်သံဖိုင်နှင့်တကွထုတ်ပြန်သည်။

 

ဧပြီလ ၁၉ ရက်နေ့ ည ၇ နာရီ ဝန်းကျင်မှ စ၍ KNLA-ကရင်အမျိုးသားကာကွယ်တပ်မတော် ဦး ဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ထို့နေ့ညအချိန် ကတည်း က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း ၆ နာရီအချိန်တွင် တဖန် တိုက်ပွဲများ ပြန်လည် စတင်ခဲ့ပြီး စစ်ကောင်စီမှ Y-12 နှင့် Mi-35 လေယာဉ်များဖြင့် အဆက်မပြတ် ပစ်ကူပေးလျက်ရှိကြောင်း၊ ထို့ အပြင် ယနေ့ ဧပြီလ ၂၁ ရက် နံနက် ၄ နာရီအချိန်ခန့်တွင်လည်း အမှတ် (၂) တံတား ဝဲ ၊ ယာ ရှေ့ ၊ နောက်၊ နေရာများကို လေယာဉ်များ ဆက်တိုက်လာရောက်ပြီး ဗုံး ၁၂ လုံးထိ ကျဲချသွားခဲ့ကြောင်း သိရသည်။

 

အမှတ်(၂) တံတားအနီး ပြည်သူများသည် ၂၀ ရက်နေ့ မှစတင်၍ ထိုင်းနိုင်ငံနှင့် မြဝတီ မြို့အနီး ဘေးလွတ်ရာများသို့ ပြောင်းရွေ့လျက်ရှိပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှုများ ကြောင့်လည်း နေအိမ်၊အဆောက်အဦးနှင့် ပြည်သူလူထု ထိခိုက်မှုများရှိကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *