International News

0 0
Read Time:6 Minute, 14 Second

အာဂျင်တီးနားနိုင်ငံတရားရုံးက နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုန်းသတ်ဖြတ်သူ၊ စစ်ရာဇဝတ်မှုကျူးလွန်သူ မင်းအောင်လှိုင်နှင့်အပေါင်းပါ လူတစ်စုနှင့်အတူ ဖမ်းဝရမ်းထုတ်ခြင်းသည် နွေဦးတော်လှန်ရေးကို အနှောက်အ ယှက်ဖြစ်စေသည်ဟု NUG ထုတ်ပြန်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

အာဂျင်တီးနားနိုင်ငံတရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့ကို လူမျိုးတုန်းသတ်ဖြတ်သူ၊ စစ်ရာဇဝတ်မှုများ ကျူးလွန်သူ မင်းအောင်လှိုင်နှင့်အပေါင်းပါ လူတစ်စုနှင့်အတူ ဖမ်းဝရမ်းထုတ်ခဲ့ခြင်းသည် မြန်မာ့နွေဦးတော်လှန် ရေးကို အနှောက်အယှက်ဖြစ်စေကြောင်း NUG အစိုးရက ယနေ့ ဖေဖော်ဝါရီလ ၁၈ ရက် နေ့တွင် ထုတ်ပြန်သည်။

 

ရိုဟင်ဂျာများအပေါ် နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန် မာ စစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန် လည်ရရှိ စေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံကြောင်း ယင်းထုတ်ပြန်ချက်တွင်‌ ဖော်ပြ ထားသည်။

 

၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ ထို စဉ်က တရားဝင် ကျင့်သုံးခဲ့သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ (ခ)၊ (ဂ) အရ မင်း အောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သာလျှင်ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှု၊ ပြစ်ဒဏ် အားလုံး အတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမည့်သူများမှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါ များသာဖြစ်ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား UK အခြေစိုက် Burmese Rohingya Organisation UK (BROUK) က အာဂျင်တီးနားတရားရုံးမှတဆင့် တရားစွဲဆိုခြင်း နှင့် ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုပါကြောင်း အသိပေးထားသည်။

epa08979222 (FILE) – Senior General Min Aung Hlaing (R) and Myanmar Foreign Minister and State Counselor Aung San Suu Kyi (L) arrive to Naypyitaw International Airport in Naypyitaw, Myanmar, 06 May 2016 (reissued 01 February 2021). According to media reports, Myanmar’s army has seized power after arresting leading politicians over allegations of fraud in the Novemeber democratic elections. EPA-EFE/HEIN HTET EPA-EFE/HEIN HTET

သို့သော် အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် လက်ရှိနိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှု နှင့် စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့သော မင်းအောင်လှိုင်နှင့် အပေါင်းအပါများနည်းတူ တရားခံ စာရင်းတွင် ထည့်သွင်း၍ ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းနေခြင်းအား မှားယွင်းသောစွပ်စွဲဆောင်ရွက်ချက်အဖြစ် အခိုင်အမာ မှတ်ယူသောကြောင့် တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် ဆက်လက် တောင်းဆိုထား သည်။

 

နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်၍ ရေရှည်ငြိမ်းချမ်းပြေလည်မည့် အဖြေရရှိ စေ ရန် “ကိုဖီအာနန်ကော်မရှင်” ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း ထောက်ပြထားသည်။

 

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း “ရိုဟင်ဂျာမူဝါဒ” တရပ် ပြဌာန်း၍ ရိုဟင် ဂျာ ပြည်သူများ တရားမျှတမှု ရရှိရေးနှင့် ပတ်သက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထားသည်။

 

ယခုကဲ့သို့အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ခေါင်းဆောင်တဦးဖြစ်သော နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနား တရားရုံးက မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူ လူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ် ရေးနှင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်သည်ဟု ဆိုသည်။

 

သို့ပါ၍ အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ် မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက်ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက် ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက၊ အကြမ်းဖက်စစ်အာဏာရှင် များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မည် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *