Htilin News

0 0
Read Time:3 Minute, 30 Second

ထီးလင်းမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးတို့အပါအဝင်နေရာ ၅ ခုကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား၊ ပျူ ၆ ဦးဒဏ်ရာရ (ရုပ်သံ)

 

D Day News

ဧပြီလ ၂၁

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ထီးလင်းမြို့မရဲစခန်း၊ တရားရုံးတို့အပါအဝင် နေရာ ၅ ခု ကို လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးကျဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူ ၆ ဦးဒဏ်ရာ ရရှိ ခဲ့ကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ ထံမှ သိရသည်။

 

ဧပြီလ ၁၇ ရက် ညနေ ၄ နာရီ မိနစ် ၃၀ အချိန်ခန့်က ထီးလင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် တရားရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက် ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးနှင့် ပျူစောထီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အလားတူ ထီးလင်းမြို့နယ်၊ ရေမျက်နီရဲစခန်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ၄၀ မမ ဖြင့် ဗုံးသီး ၃ လုံးပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုကို သိရှိ နိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ဧပြီလ ၁၈ ရက် ညနေ ၆ နာရီခန့်တွင် ထီးလင်းမြို့နယ်၊ ရေမျက်နီရဲကင်းစခန်းအား ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချပြီးနောက် ၄၀ မမဖြင့် ဗုံးသီး ၄ လုံး ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ် သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဧပြီလ ၁၉ ရက် ညနေ ၆ နာရီကျော်တွင် ထီးလင်းမြို့မရဲစခန်းနှင့် ရုပ်သံရုံး၌ တပ်စွဲထားသော အ ကြမ်း ဖက်စစ်သားများကို ဒရုန်းဖြင့် ၆၀ မမ ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

“ဒဏ်ရာရသူ ၆ ဦးရှိတယ်၊ သေဆုံးသူမရှိဘူးဆိုပေမယ့် ဒီကောင်တွေကို စိတ်ဓာတ်ဆိုင်ရာအရ ဖိနှိပ် ထားနိုင်တယ်၊ချိုးနှိမ်ထားနိုင်တယ်။ ပြီးတော့ ရိက္ခာတွေလည်းဖြတ်တောက်ထားနိုင်တယ်။ ဒီကောင် တွေကို ကြွက်တွေလို တွင်းထဲက ထွက်မလာရဲအောင် တောက်လျှောက်ဖိထားနိုင်တာပေါ့။ ပြီးတော့ ကျနော်တို့ ဂန့်ဂေါခရိုင်တပ်ရင်းတွေအားလုံးစုပေါင်းပြီးလုပ်တဲ့ သွေးကြွေးကမ်ပိန်းကို မိဘ ပြည်သူ တွေအနေနဲ့ ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်” ဟု YRA ထီးလင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Yaw Revolution Army – ဂန့်ဂေါခရိုင် အမှတ် ၁၅ တပ်ရင်း၊ အမှတ် ၁၆ တပ်ရင်း၊ အမှတ် ၁၇ တပ်ရင်း ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *