CDM News

0 0
Read Time:5 Minute, 0 Second

မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာမှ စစ်မှုထမ်းစစ်သား ၁၃ ဦး ထွက်ပြေးလာသဖြင့် KNDF တပ်ဖွဲ့မှ ခေါ်ယူ ကာ စောင့်ရှောက်ပေး၊ အောက်ခြေစစ်သား၊ အရာရှိများကိုတိုက်ခိုက်လိုခြင်းမရှိပဲ နိုင်ငံအပေါ် ကျွန် ပြုလိုသည့် စစ်ခေါင်းဆောင်များအား ဖြုတ်ချနိုင်ရန်အတွက် ဦးတည်ထားသဖြင့် ပူးပေါင်းပါဝင်ပေး ကြပါရန် တိုက်တွန်း

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာသို့ ရောက်ရှိသော စစ်မှုထမ်း တပ်သား ၁၃ ဦး ထွက်ပြေးလာခဲ့သဖြင့် KNDF တပ်ဖွဲ့က ခေါ်ယူကာ စောင့်ရှောက်ပေးထားကြောင်းနှင့် အောက် ခြေစစ်သား၊ အရာရှိများကိုတိုက်ခိုက်လိုခြင်းမရှိပဲ နိုင်ငံအပေါ် ကျွန် ပြုလိုသည့် စစ်ခေါင်းဆောင် များ အား ဖြုတ်ချနိုင်ရန်အတွက် ဦးတည်ထားသဖြင့် ပူးပေါင်းပါဝင်ပေး ကြပါရန် KNDF ဗဟို သတင်းနှင့် ပြန်ကြားရေး ဌာနက တိုက်တွန်းထုတ်ပြထားသည်။

 

ဖေဖော်ဝါရီလအတွင်း ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှေ့တန်းစစ်မှုမျက်နှာသို့ ရောက်ရှိနေသာ စစ်မှုထမ်း တပ်သားသစ်များအနက် လက်နက်ဖြင့် ထွက်ပြေးခိုလှုံလာသူ ၅ ဦးနှင့် ရှေ့တန်းစစ်မြေပြင်အတွင်း လက်နက်မဲ့ ထွက်ပြေး၍ လွတ်မြောက်လာသူ (တပ်ပြေး) ၈ ဦးတို့ကို KNDF တပ်ရင်းအမှတ် ၃ က ခေါ်ယူကာ သက်ဆိုင်ရာဗဟိုဌာနများတွင် လုံခြုံစွာစောင့်ရှောက်ပေးထားကြောင်း သိရသည်။

ကရင်နီ- ရှမ်းတောင် နယ်စပ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်များနှင့်အတူ မိုးဗြဲမြို့တွင် ထိတွေ့တိုက် ပွဲများ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များမှာလည်း စစ်မြေပြင်ကို စွန့်ခွာ၍ ထိုသို့ ထွက်ပြေးလာသူ ပြည်သူ့စစ်မှုထမ်းတပ်သားများစွာကို KNDF မှ လက်ခံရရှိခဲ့ပြီး ကောင်းမွန်လုံခြုံစွာ ထားရှိပေးထားကြောင်း အသိပေးသည်။

 

ထိုသို့ စစ်ကောင်စီတပ်အတွင်းမှ ထွက်ပြေးလာသူများသည် ၂၀၂၄ ခုနှစ်နှောင်းပိုင်းမှစ၍ အဓမ္မစု ဆောင်းထားသော ပြည်သူ့စစ်မူထမ်းများအား စစ်မြေပြင်၏ ရှေ့ဆုံးထိုးစစ်နေရာများတွင် ထုတ် သုံး လာခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်လာသူများ၏ ပြောဆိုချက်များအရ ပြည်သူ့စစ်မှုထမ်းများ အားလုံးနီးပါးမှာ တပ်ထဲသို့ ဝင်ရန် ဆန္ဒမရှိဘဲ စကစနှင့် ၎င်းတို့၏ လက်ကိုင်တုတ် အုပ်ချုပ်ရေးမှူး များမှ ပူးပေါင်း၍ အတင်းအဓမ္မ စုဆောင်း ခြင်းခံရသူများဖြစ်ကြောင်း၊ ထိုသို့ စုဆောင်းခံရသူများတွင် အသက်မပြည့်သေးသော ကလေးငယ်များလည်းပါဝင်သည်ကို မြေပြင်တွင် တွေ့ရှိရသည်ဟု ဆို သည်။

 

ကရင်နီပြည်နယ်တွင်း စစ်မြေပြင်များသို့ ပို့ဆောင်ခံရသူအများစုမှာ စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဘားအံမြို့၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း အစရှိသည့်နေရာများ၌ နေထိုင်ကြသူများ ဖြစ်ကြပြီး ၎င်းတို့ကို ၃ လကြာ အခြေခံစစ်သင်တန်းပေး၍ ရှေ့တန်းစစ်မျက်နှာပြင်သို့ စေလွတ် နေခြင်းဖြစ်ကြောင်း သိရသည်။

 

မိဘပြည်သူများ၊ လူငယ်များအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်း ၊ တပ်သားသစ်အဖြစ် အတင်း အ ဓမ္မ စုဆောင်းခြင်းများ မခံရစေရန်အတွက် အထူးသတိပြုနေထိုင်ကြပါရန်နှင့် စုဆောင်းခံရပြီ ရှေ့ တန်း စစ်မျက်နှာပြင်သို့ ပို့ခံရပါက နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံသို့ ချိတ်ဆက်၍ ဘက်ပြောင်း ခိုလှုံကြပါရန် KNDF ဗဟိုက အကြံပြုတိုက်တွန်းထားသည်။

 

KNDF အနေဖြင့် လူ့အခွင့်အရေးအပေါ် လေးစားမှုအပြည့်အဝထားမည်ဖြစ်ပြီး စစ်ကောင်စီ၏ လက် အောက်၌ တာဝန်ထမ်းဆောင်နေကြသော အရာရှိများ၊ အောက်ခြေတပ်သားများကို တိုက်ခိုက်လို ခြင်းမရှိဘဲ အာဏာရှင်စနစ်ဆိုးအားကျင့်သုံး၍ နိုင်ငံအပေါ်ကျွန်ပြုလိုသည့် စစ်ခေါင်းဆောင်များအား ဖြုတ်ချနိုင်ရန်အတွက် ဦးတည်ကာ တော်လှန်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း အသိပေးထားသည်။

 

ထို့ကြောင့် စစ်ကောင်စီ၏ အာဏာရှင်စနစ်ဆိုးအား အမြန်ဖြုတ်ချ၍ ပိုမိုကောင်းမွန်အကျိုးရှိသော စနစ်သစ် ၊ နိုင်ငံသစ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ပြည်သူများနှင့်အတူ ရပ် တည်၍ ပူးပေါင်းပါဝင်ပေးကြဖို့ အလေးအနက်ထားတိုက်တွန်းထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *