Magway News

0 0
Read Time:1 Minute, 39 Second

ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူ ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် (အောင်ချမ်းသာကွက်သစ်)တွင် ရပ် ကွက် အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး စစ်ဆေးရေးဂိတ်ဖွင့်ကာ လမ်းသွား လမ်းလာပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော ပျူစောထီးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး သား ပျူဖိုးဖွားအပါအဝင် ၃ ဦးသေဆုံးခဲ့ပီး ပျူအချို့ ထွက်ပြေးသွားလွတ်မြောက်သွားကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ပျူအလောင်းများကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကာ ညနေပိုင်းတွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

 

အဆိုပါတိုက် ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၃ တပ်ခွဲ (၄) နှင့် Shwe Nyar Myae PDF တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *