ဘုတ်ပြင်းမြို့နယ်တွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၂၄ ဦး ထက် မနည်းသေဆုံးပြီး စစ်တပ်ဒရုန်း ၂ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၄ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်၏ ဒရုန်း ၂ စီးကို ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်း ဘုတ်ပြင်မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၁၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်က ဘုတ်ပြင်းမြို့နယ်၊ ထောင်စုံမဟတ် ကျေးရွာ အုပ်စု၊ ဘိုးဒါးကျေးရွာအနီးတွင် အင်အား ၁၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ် ကောင်စီတပ်အား အသင့်ပြင်ဆင်ထားသော မိုင်းများဖြင့် မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော စစ်သား များကို ဘုတ်ပြင်းမြို့နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၈ နာရီ ၁၀ မိနစ်တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာအနီးရှိ ဒေသအခေါ် R Zero(အာရ်ဇီးရိုး) နေရာသို့ အင်အား ၁၀၀ ခန့်ဖြင့် ထပ်မံဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို အဝေးထိန်း မိုင်းများ ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် နံနက် ၈ နာရီ ၅၅ မိနစ်အထိ ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထို့အပြင် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အကြမ်းဖက်စစ် ကောင်စီတပ်မှ ကင်းထောက်ဒရုန်းတစ်စီးဖြင့် လိုက်လံထောက်လှမ်းနေသဖြင့် ပစ်ခတ်ခဲ့ရာ ပျက်ကျ သွားကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင်လည်း ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ကျေးရွာအနီးရှိ ဒေသအခေါ် R Zero(အာရ်ဇီးရိုး) နေရာသို့ ထပ်မံထိုးစစ်ဆင်လာခဲ့သဖြင့် တော်လှန်ရေး ပူးပေါင်းအဖွဲ့မှ လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အထိ ကြာမြင့်ခဲ့ပြီး မွန်းလွဲ ၂ နာရီတွင် အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့နှင့် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၅၀ အချိန်အထိ ကြာမြင့်ခဲ့ ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ သည့်အပြင် စစ်ကောင် စီတပ်ဖွဲ့၏ တိုက်ခိုက်ရေး ဒရုန်းတစ်စီးကို ပစ်ချဖောက်ခွဲနိုင်ခဲ့ကြောင်း သိရ သည်။
ညနေ ၅ နာရီအချိန်တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကြား အပြန်အလှန်ပစ်ခတ်တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ရာ ညနေ ၆ နာရီ ၃၀ မိနစ်အထိကြာမြင့်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂၄ ဦးထက်မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး တိုက်ခိုက်ရေးဒရုန်း ၂ စီး (၁ စီးမှာအတည်ပြုဆဲ) ကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့ကာ မပေါက်ကွဲသေးသည့် ၆၀ မမ ဗုံးသီး ၁ လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း ဘုတ်ပြင်း မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က အသိပေးထားသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA အမှတ် ၂၀၃ တပ်ရင်းမှ အမှတ် ၂ တပ်ခွဲ၊ အမှတ် ၃ တပ်ခွဲ၊ KNU ပြည် သူ့စစ်အဖွဲ့၊ ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ တပ်ရင်း၊ ဘုတ်ပြင်း မြို့ နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (Flying Star Foce) နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media