Sagaing News

0 0
Read Time:2 Minute, 37 Second

မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်ကူပေးရန် ထွက်လာသည့် စစ်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက် စစ် သား ၇ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၆

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းပိုင်းတွင် စစ်ကူပေးရန် ထွက်လာသည့် စစ် ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း Idiots Column ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန်က မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ် ဌာနချုပ်မှ ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းရွာ ပျူစောထီးစခန်းကို စစ်ကူပေးရန် ထွက်လာသည့် Jammer ကား ၁ စီး၊ သံပြားကာ ကား ၃ စီးအနက် ဒုတိယမြောက်ကားကို ရှေ့ထွက်မိုင်း ၅ လုံး ၊ ပဒေ သာ မိုင်း ၁ လုံးတို့ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ထွက်မိုင်းအဖူးများ ကား၏ ခါးကို ထိမှန်ခဲ့ ပြီး ကားပေါ်ပါ စစ်သား ၇ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။

“ကံကြီးကုန်းကို စစ်ကူသွားတဲ့ ကား ၃ စီး ထဲက ၂ စီးမြောက်ကားကို ဆွဲမိတာ၊ စစ်ကူမရောက်နိုင် အောင် လမ်းကနေ ဖြတ်တောက်ပြီး ဆွဲလိုက်တာ၊ ကားရဲ့ ခါးကို အဖူး ၅ ဖူးလုံး ထိမှန်တယ်။ ကားရဲ့ ခါးကို တည့်တည့်မှန်တာမို့ ကားပေါ်ပါ စခ ၇ ဦး သေတယ်လို့ မြေပြင်ရဲဘော်တွေက အတိအကျ ပြောတယ်ဗျ။ တခြား ဒဏ်ရာရတဲ့သူတွေလည်း ရှိနိုင်ပေမယ့် စာရင်းအတိအကျတော့မရဘူး” ဟု Idiots Column မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို North Western People Defence Force – N.W.P.D.F (အနောက်မြောက် ဒေသ ပြည်သူ့ကာကွယ်ရေးတပ်) ၊ ယင်းမာပင်ခရိုင် အမှတ် ၉ တပ်ရင်း၏ Idiots Column ၊ မုံရွာ ခရိုင်တပ်ရင်း ၁၁ (South monywa) ၏ တပ်ခွဲ ၂ ဖြစ်သော Youth Vigor Revlution Force နှင့် မုံရွာ မြို့နယ် (ပကဖ) တိုက်နယ် ၄ ၊ တိုက်ခိုက်ရေးအဖွဲ့ (Royal God People Defence Force) တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *