လယ်ဒိုမြို့နယ်အတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်တပ်ဂိတ်စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၆ ဦးသေဆုံးပြီး ၆၀ မမ စိန်ပြောင်း ၁ လက်အပါအဝင် လက်နက် ၅ လက်သိမ်း ဆည်းရရှိ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၆
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒို မြို့နယ် စီမံအုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်တပ်ဂိတ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး ၆၀ မမစိန်ပြောင်း ၁ လက်အပါအဝင် လက်နက် ၅ လက်သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် ည ၁၂ နာရီက လယ်ဒိုမြို့နယ်အတွင်း ဝင်ရောက်ကျူးကျော် တပ်စွဲ ထားသည့် အကြမ်းဖက်စစ်ကောင်စီတပ် ခမရ−၅၆၀ တပ်မှ နေရာယူကာ ဂိတ်စခန်းဖွင့်ထားသည့် နရွဲပင် ဂိတ်စခန်း၊ တောဝိရွာ နှင့် ထိန်တပင်ကြား ရှိ ဂိတ်စခန်း နှင့် ကျွန်းကုန်းကျေးရွာဘေး တောရ ကျောင်းတွင် တပ်စွဲထားသော ဂိတ်စခန်းတို့ကို ဝင်ရောက် တိုက်ခိုက်ချေမှုန်းခဲ့ ခြင်းဖြစ်ကြောင်း သိရ သည်။
ယင်းဂိတ်စခန်းများ သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာ ရရှိပြီး စစ်ကောာင်စီတပ်သားများ အသုံးပြုသော ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက် အပါအဝင် လက်နက် ၅ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်သိမ်းပိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း ၉ ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ချေမှုန်းခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
Photo − စစ်ကောင်စီ ဂိတ်စခန်းများမှ သိမ်ပိုက်ရရှိသော လက်နက်ခဲယမ်းများ။
Thanlwin Myanmar Media