မလှိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ
သံလွင်မြန်မာ
ဖေဖော်ဝါရီလ ၁၆
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရ သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် န့နက် ၁၁ နာရီခန့်က မလှိုင်မြို့နယ်၊ သရက်ကန်မြောက်ရွာကို စစ် တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ဂျက်ဖိုက်တာဖြင့် ဗုံးသီး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် အစောပိုင်း ၄ နာရီ ၄၈ မိနစ်က နွားထိုးကြီးမြို့ နယ် ၊ မကျီးကန်ရွာကို စစ်ကောင်စီတပ်က လေထီး စက်တပ် ယာဉ် ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ နွား ၂ ကောင်သေဆုံးပြီး ၁ ကောင် ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
အလားတူ မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်ကလည်း နွားထိုးကြီးမြို့နယ်၊ နဘဲမြစ်ရွာနှင့် ပဲချက်ကြား ဘုတ်ချောင်းတံတားအနီးတွင် သွားလာနေသည့် ပြည်သူများ၏ ဆိုင်ကယ်ယာဉ်တန်းသွား ကို စစ် ကောာင်စီတပ်က လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၈ ဦးဒဏ်ရာရရှိခဲ့ပြီး ၅ ဦး အပြင်းအ ထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူကို ပစ်မှတ်ထားကာ လေကြောင့်ဖြင့် ဗုံးကြဲ၊ ပစ်ခတ်တိုက် ခိုက်မှုများ နေ့စဉ်နေ့တိုင်း လုပ်ဆောင်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာ ကွယ်နိုင်သည့် ဗုံးခိုကျင်းများတူးထားကြရန်နှင့် အသွားအလာ ဂရုစိုက်ကြပါရန် အသိပေးထားသည်။
Thalwin Myanmar Media