စစ်တပ်အတွင်းဝင်ရောက်လာတဲ့လူငယ်များကို တခါတည်းမောင်းထုတ်ပြီး သတ်ပစ်လိုက်ချင်ဟု အောင်ဇေယျ စစ်ကြောင်းမှ ဖမ်းဆီးခံရသူ တကခင်မြင့်ပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၅
“တပ်ထဲရောက်မယ့် ရဲဘော်တွေကို ဖြစ်နိုင်လို့ရှိရင် ပြန်ပြီးမောင်းထုတ်ချင်ပါတယ်။ မဝင်ဖို့ အတွက်၊ ကိုယ့်တူကိုယ့်သားအရွယ်လောက်ပဲရှိပါတယ်။ တခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ် လိုက်ချင် တယ်၊ ဝင်လာခဲ့တဲ့သူတွေကို ကိုယ်တိုင်လည်း ဒီမှာကြုံတွေ့နေရတဲ့အတွက်ကြောင့်မို့လို့ သူတို့လည်း ဒုက္ခလည်း မပေးချင်ပါဘူး။”
တကခင်မြင့်သည် ရွှေညောင်မြို့နယ်အခြေစိုက် တပ်မ ၅၅ လက်လောက်ခံ ခလရ ၉၄ တပ်ရင်းမှ ဖြစ်ပြီး အောင်ဇေယျာစစ်ကြောင်း၌ ကင်းစောင့်နေစဉ် KNLA နှင့်ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဂ
မေး = တာဝန်ထမ်းဆောင်ခဲ့သည့်တပ် ၊ အမည်
ဖြေ = တက တင်မြင့်၊ ခရလ ၉၄ ရွှေညောင်
မေး = ဘယ်နေရာမှာ ဘာ့ကြောင့်ဖမ်းခံရတာလဲ
ဖြေ = အောင်ဇေယျစစ်ကြောင်းမှာ ကင်းစောင့်နေရင်းနဲ့ ဖမ်းခံရတာ ။
မေး = အောင်ဇေယျစစ်ကြောင်းအတွင်း အခြေအနေ ဘယ်လိုရှိလဲ ။
ဖြေ = တပ်တွင်းအခြေအနေကတော့ မကောင်းပါဘူး။ စားရေးသောက်ရေးလည်း မကောင်းပါဘူး။ လူတွေလည်း ပုံမှန်လုံလုံလောက်လောက်လည်း မတင်ပို့ပါဘူး။ ထမင်းစားရတာလည်း ရှေ့လူငတ်၊ နောက်လူမလုံလောက်၊ ထမင်းက ၄ ယောက်စာဆိုရင် တစ်ယောက်ကို လက်သီးဆုတ် တစ်ဆုပ်စာ လောက်ပဲ တစ်ယောက် တစ်ယောက်ကို စားရပါတယ်။
မေး = ဒီရောက်တော့ ကရင်အမျိုးသားတပ်မတော်နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဘယ်လိုကြိုဆိုလဲ။
ဖြေ = သောင်းသောင်းဖျဖျ လှိုက်လှိုက်လှဲလှဲကြိုဆိုပါတယ်။
မေး = အခုလက်ရှိ စစ်ကောင်စီရဲ့ တပ်ကို ဘယ်လိုမြင်လဲ။
ဖြေ = ဘယ်လိုမြင်လဲဆိုတော့ တပ်မတော်ဟာ အခုချိန်မှာ ဆိုးဆိုးဝါးဝါးကြီးဖြစ်နေပါပြီ။ ပြည်သူကို လည်းနိုင့်ထက်စီးနင်းလုပ်နေတဲ့အတွက်ကြောင့် တပ်မတော်ကြီးကိုလည်း စိတ်နာလို့မဆုံးတော့ပါ ဘူး။
မေး = စစ်ကောင်စီက အာဏာသိမ်းတာကို စစ်သားတစ်ယောက်အနေနဲ့ ဘယ်လို သဘောထားရှိလဲ။
ဖြေ = တပ်မတော်က အာဏာသိမ်းတယ်ဆိုတာ ပြည်သူကိုအနိုင်ကျင့်စော်ကားချင်လို့ အဲလိုမျိုးပဲ မြင်ပါတယ်။
မေး = အခုလက်ရှိ စစ်ကောင်စီရဲ့ အကြီးအကဲတွေအပေါ် ဘယ်လိုသဘောထားရှိလဲ။
ဖြေ = တပ်မတော်အကြီးအကဲတွေက သူတို့ စီးပွားရေးနဲ့သူတို့ လုပ်ကိုင်နေပါတယ်။ နိုင်ငံတော် အပေါ်ကိုဘာမှ ပြန်ပြီးလှည့်ကြည့်တာမဟုတ်ပါဘူး။ သူတို့အတွက်ပဲ သူတို့ရှာနေတာပါ။
မေး = အခုစစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းပြီးတော့ လူငယ်တွေကို တပ်တွင်းဆွဲသွင်းတဲ့ အတွက် လူငယ်တွေအပေါ် ဘာအမှာစကားပြောချင်လဲ။
ဖြေ = တပ်ထဲရောက်မယ့် ရဲဘော်တွေကို ဖြစ်နိုင်လို့ရှိရင် ပြန်ပြီးမောင်းထုတ်ချင်ပါတယ်။ မဝင်ဖို့ အတွက်၊ ကိုယ့်တူကိုယ့်သားအရွယ်လောက်ပဲရှိပါတယ်။ တခါတည်းမောင်းထုတ်ပြီးတော့ သတ်ပစ် လိုက်ချင်တယ်၊ ဝင်လာခဲ့တဲ့သူတွေကို ကိုယ်တိုင်လည်း ဒီမှာကြုံတွေ့နေရတဲ့အတွက်ကြောင့်မို့လို့ သူတို့လည်း ဒုက္ခလည်း မပေးချင်ပါဘူး။ ကိုယ်တောင်မှ ဒုက္ခခံစားရလို့မို့ ၊ ဝဋ်ကြွေးမကုန်သေးလို့ ဝဋ်ခံနေရတာ။ နောင်လူတွေကိုလည်း ကိုယ့်လို ဒုက္ခတော့မခံစားစေချင်ဘူး။ ဆင်းရဲဒဏ်မခံစေချင် ဘူး။ အိမ်မှာပဲ လွတ်လွတ်လပ်လပ်နဲ့ပဲ မိဘနဲ့၊ ညီအစ်ကိုမောင်နှမတွေနဲ့ပဲ ပျော်ပျော်ရွှင်ရွှင်ပဲ စား သောက်ဖို့ပဲ လိုချင်တာ။ ကိုယ့်အတွက်ကြောင့်မို့လို့ မိဘတွေ စိတ်ဆင်းရဲရတဲ့ ဒုက္ခကို အရောက် စေချင်ဘူး။ ကိုယ်တောင်မှ မဖြစ်သာလို့သာ ဒုက္ခခံနေရတာ။ အဲလောက်ပဲ ပြောချင်ပါတယ်။
Thanlwin Myanmar Medai