သထုံခရိုင်အတွင်း နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦးသေဆုံးပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၄
ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင် အတွင်း နေရာအနှံ့အပြားကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြည်သူ ၃ ဦး သေဆုံးပြီး စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၁၀ နာရီ မိနစ် ၂၀ က ဒူးသထူ(သထုံ) ခရိုင်၊ ကျိုက်ထိုမြို့ နယ်၊ ပျဥ်းကတိုးကုန်းကျေးနယ် ၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့်ကျေးရွာဝန်းကျင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဥ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိကာ ဘုန်းကြီးကျောင်းပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၃ နာရီ ၄၃ မိနစ်တွင် တစ်ကြိမ်၊ ၄၈ မိနစ်တွင် တစ်ကြိမ် ကေ အဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ ဘီး လင်းမြို့နယ်၊ ပျဥ်းမပင်ဆိပ်ကျေးနယ်အုပ်စု၊ တဂေးလောင်းချောင်းဖျားကျေးရွာ ခရစ်ယာန် ဘုရား ကျောင်းဝန်းအတွင်းသို့ ပေါင် ၅၀၀ ဗုံးသီး (၁) လုံး ၊တဂေးလောင်းချောင်းဖျားကျေးရွာထဲသို့ ပေါင် ၅၀၀ ဗုံးသီး (၁) လုံး ကြဲချခဲ့ကြောင်း သိရသည်။
Photo – အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီမှ ကော်ကာကျေးရွာ၊ပိန္နဲကုန်းကျေးရွာအတွင်း လေ ကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများ။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပထမ (၁) ကြိမ်တွင် တဂေးလောင်းချောင်းဖျားရွာ ခရစ်ယာန် ဘုရား ကျောင်း (၁) လုံး ပျက်စီးပြီး ဒုတိယ (၁) ကြိမ်တွင် တဂေးလောင်းချောင်းဖျားကျေးရွာ ပြည်သူနေ အိမ် (၁၇) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ဖေဖော်ဝါရီလ ၁၃ ရက် ညနေ ၄ နာရီ မိနစ် ၂၀ တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးသထူ(သထုံ) ခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ဖျောက်ဖျာကျေးရွာ နယ်၊ ကော်ကာရွာထဲသို့ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ ဒူးသထူခရိုင် အတွင်း လေကြောင်းတိုက်ခိုက်မှုစတင်လုပ်ဆောင်ခဲ့ရာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ (၉) ရက်၊(၇) ရက် နှင့် (၁) ရက် နေ့နှင့် ဇန်နဝါရီလ အတွင်း၌လည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media