Read Time:1 Minute, 4 Second
ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၃
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း White Dragon P29904 တပ်ရင်းက ထုတ်ပြန်သည်။
ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျိုက်ထိုမြို့နယ် ၊ ကော်ကပ် ရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ယင်းကျေးရွာကို မကြာခဏ လေကြောင်းဖြင့် တိုက်ခိုက် နေခြင်း ဖြစ်ကြောင်း White Dragon P29904 တပ်ဖွဲ့ ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media