မုံရွာ၊ချောင်းဦးနှင့်ဆားလင်းကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ကလေးငယ်များအပါအဝင် ပြည်သူ ၁၄ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိပဲ စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာက လေးငယ်များအပါအဝင် ပြည်သူ ၁၄ ဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN ထံမှ သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက် ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မုံရွာမြို့နယ်တောင်ခြမ်းနှင့် ချောင်းဦးမြို့နယ်အနောက် ခြမ်းနေရာများကို စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော Y12 လေယာဉ် ၁ စီးဖြင့် ၉ နာရီ ၅၁ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၉ နာရီ ၅၄ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၉ နာရီ ၅၉ မိနစ်တွင် ဗုံးသီး ၃ လုံး ၊ ၁၀ နာရီ ၄ မိနစ်တွင် ဗုံးသီး ၇ လုံး၊ ၁၀ နာရီ ၈ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၁၀ နာရီ ၁၁ မိနစ်တွင် ဗုံးသီး ၄ လုံး ၊ ၁၀ နာရီ ၂၂ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၁၀ နာရီ ၂၇ မိနစ် တွင် ဗုံးသီး ၁ လုံး၊ ၁၀ နာရီ ၃၁ မိနစ်တွင် ဗုံးသီး ၂ လုံး စုစုပေါင်း ဗုံးသီး အလုံး ၃၀ ကျဲချတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
အလားတူ ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နံနက်ပိုင်းတွေင် မုံရွာမြို့နယ်တောင်ခြမ်းနှင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိနေရာများကို တံတားဦးမှ တက်လာသော Y12 လေယာဉ်ဖြင့် နံနက် ၅ နာရီ ၂ မိနစ် တွင် ဗုံးသီး ၄ လုံး၊ ၅ နာရီ ၇ မိနစ်တွင် ဗုံးသီး ၃ လုံး၊ ၅ နာရီ ၁၁ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၅ နာရီ ၁၆ မိနစ်တွင် ဗုံးသီး ၅ လုံး၊ ၅ နာရီ ၂၁ မိနစ်တွင် ဗုံးသီး ၅ လုံး၊ ၅ နာရီ ၂၉ မိနစ်တွင် ဗုံးသီး ၅ လုံး၊ ၅ နာရီ ၃၇ မိနစ်တွင် ဗုံးသီး ၄ လုံး၊ ၅ နာရီ ၄၁ မိနစ်တွင် ဗုံးသီး ၉ လုံး၊ ၅ နာရီ ၄၅ မိနစ်တွင် ဗုံးသီး ၉ လုံး စုစုပေါင်း ဗုံးသီး ၄၈ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သတင်းရထားသလောက်က သေဆုံးသူ ၁၄ ဦးရှိပါပြီ။ ညောင်ဖြူပင်ရွာမှာက ၃ ဦး၊ သစ်စိမ့်ရွာက ၅ ဦး၊ ဘုဘရွာက ၂ ဦး ၊ ကုလားကြီးစစ်ရှောင်စခန်းက ၃ ဦး၊ ကိုးရှင်းကျွန်းရွာက ကလေးငယ် ၁ ဦးသေ ပါတယ်၊ ဒဏ်ရာရသူပြည်သူ ၁၅ဦးခန့်ရှိပါတယ်။ ၅ နာရီ ၄၅ မိနစ်နောက်ပိုင်းမကြဲတော့ပါဘူး။” စစ် ကိုင်း တိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
အကြမ်းဖက်စစ်ကောင်စီသည် လူအများအိပ်စက်အနားယူချိန်ညပိုင်းနှင့်နံနက်အစောပိုင်းအချိန်တို့ ကို တမင်ရည်ရွယ်ချက်ရှိရှိရွေးချယ်ကာ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် – SSN က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Medai