Sagaing News

0 0
Read Time:3 Minute, 0 Second

မုံရွာမြို့နယ်နှင့်ချောင်းဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ် လက်နက်ကြီး၊ လေကြောင်း ဖြင့် တိုက်ခိုက်မှု အသက် ၅ နှစ် နှင့် ၈ နှစ်အရွယ်ကလေးငယ်များအပါအဝင်ပြည်သူ ၆ ဦးသေဆုံး ၊ စစ်တပ် PDF ယူနီဖောင်းများ ဝယ်ဆင်ပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်နေ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်နှင့် ၈ နှစ်အရွယ်ကလေးငယ်များအပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း၊ ယနေ့ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မုံရွာမြို့ မုခ်ပေါက်၌ PDF ယူနီ ဖောင်းများဝတ်ဆင်ကာ စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း တဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်မှစတင်၍ ယနေ့နံနက် ၅ နာရီ ၄၅ မိ နစ်ဝန်းကျင်အချိန် စစ်ကောင်စီတပ်က Y12 လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ် ခြင်းများကို ဆက်တိုက် လုပ်ဆောင်ခဲ့ရာ သစ်ဆိမ့်ရွာ အသက် ၅၀ ဝန်းကျင် အမျိုးသမီး (၁) ဦး ၊ ညောင်ဖြူပင်ရွာ အသက် ၅၀ ဝန်းကျင် အမျိုးသား (၁) ဦး၊  အမျိုးသမီး (၁) ဦး ကုလားကြီးကျေးရွာ စစ်ဘေးရှောင်စခန်းမှ အသက် ၅ နှစ် ယောက်ျားလေး (၁) ဦး ၊ အသက် ၈ နှစ် မိန်းကလေးငယ် (၁) ဦးနှင့် အသက် ၇၀ ဝန်းကျင်အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့ညက ဒီနေ့မနက်အထိ Y12 ၂ စီးနဲ့လာဗုံးကြဲတာ၊ ဗုံးအလုံး ၅၀ ကျော်တယ်။ တိုက်ပွဲလည်းမ ဖြစ်ဘူး။ သူတို့ စစ်ကြောင်းထိုးဖို့ထင်တယ်။ အခုလောလောဆယ်တော့ မုခ်ပေါက်ထိပ်ကိုရောက်နေ တယ်။ အင်အားက ၁၅၀ လောက်ရှိတယ်။ PDF ယူနီဖောင်းတွေလည်း လဲပြီးဝတ်နေတယ်။ PDF ဆိုပြီး အယောင်ဆောင်ထွက်ဖို့ထင် တယ်၊ တော်လှန်ရေးအဖွဲ့တွေအချင်းချင်းတော့ သတိပေး ထားတယ်၊ တောပုရွာမှာရောက်နေတဲ့ စခတွေပါ ထွက်ဖို့ပြင်နေကြတယ်” လို့ တော်လှန်ရေး သတင်းရင်း မြစ်က ပြောကြားသည်။

 

အကြမ်းဖက်စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည့်အပြင် မြေပြင်စစ်ကြောင်းများပါ ထိုးစစ်ဆင်ရန် ပြင်ဆင်နေသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေး သတိ နေကြရန်နှင့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းအနီးသွားလာခြင်းမပြုကြပါရန် တော်လှန်ရေးတပ်ဖွဲ့ များက အသိပေးထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *