NUG News

0 0
Read Time:4 Minute, 0 Second

တော်လှန်ရေး အမြန်ဆုံးအဆုံးသတ်နိုင်မှ ပြည်သူများ ဒုက္ခပေါင်းစုံမှ သက်သာမည်ဖြစ်သဖြင့် ပြည်သူကိုမျက်နှာမူ၍ စုစည်းညီညွတ်ကြရန် NUG ၊ ပြည်ထောင်စု ဝန်ကြီး ချုပ်တိုက်တွန်း

 

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

တော်လှန်ရေး အမြန်ဆုံးအဆုံးသတ်နိုင်မှ ပြည်သူများ ဒုက္ခပေါင်းစုံမှ သက်သာမည်ဖြစ်သဖြင့် တော် လှန်ရေးအဖွဲ့အစည်းများအားလုံး  ပြည်သူကိုမျက်နှာမူ၍ စုစည်းညီညွတ်ကြရန် NUG ၊ ပြည်ထောင်စု ဝန်ကြီး ချုပ်တိုက်တွန်းပြောကြားသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည့် အမျိုးသားညီညွတ်ရေး အစိုးရ ၏ ၅/ ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးတွင် ၎င်းကထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“အရင်က ၃ သိန်း ၇ သောင်းပဲ ရှိခဲ့တဲ့ နေရပ်စွန့်ခွာ စစ်ရှောင်အရေအတွက်ဟာ အခုဆိုရင် ၃.၅ မီလီ ယံထိ ရောက်ရှိလာပြီ ဖြစ်တာမို့ ပြည်သူတွေ ဒုက္ခအတော်များကြတာကို တွေ့ရပါတယ်။ တော်လှန် ရေးအင်အားစုတွေအနေနဲ့လည်း တဖက်က အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းဖို့ ကြိုး စားကြရသလို တဖက်ကလည်း အကြမ်းဖက် စစ်ကောင်စီဒုက္ခပေးလို့ ဒုက္ခအတိ ရောက်နေကြရတဲ့ ပြည်သူတွေကို တတ်နိုင်သမျှ ဝိုင်းဝန်ကူညီဖို့ ကြိုးစားကြရတဲ့ အခြေအနေဖြစ်ပါ တယ်။ ဒါ့ကြောင့် တော်လှန်ရေးအင်အားစုတွေ စုစုစည်းစည်းနဲ့ ဒီပွဲကို အမြန်ဆုံး အမြစ်ဖြတ်နိုင်ပါမှ ပြည်သူတွေ အ တွက် ဘက်ပေါင်းစုံက သက်သာနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပိုစုစည်းဖို့ လိုလာတဲ့အချိန် မှာ အင်အားစု တွေအသီးသီးဟာလည်း ပြည်သူကို ရှေးရှုတဲ့၊ တော်လှန်ရေးကို မျက်နှာမူတဲ့ လုပ် ဆောင်ချက်တွေ၊ မူဝါဒတွေကို ခိုင်ခိုင်မာမာဆွဲကိုင်ပြီး သဘောထားမတိုက်ဆိုင်မှုတွေကို ကြိုးစား ကျော်လွှားကြရမှာ ဖြစ်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။

တော်လှန်ရေးကာလ ၄ နှစ်အတွင်း ဝန်ကြီးဌာနအသီးသီးက ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ပြည်သူများ၏ လိုအပ်ချက်များ မိုပိုများလာသဖြင့် လိုအပ်ချက်များလည်းရှိနေဆဲဖြစ်ကြောင်း၊ ထို့ ကြောင့် ၂၀၂၅ သည် အခက်အခဲ အများကြီးကို ကျော်လွှားကြရမည့် နှစ်ဖြစ်သည်ကို အားလုံး နား လည်ထားကြရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယင်းအခက်အခဲများကို ကောင်းစွာဖြတ်ကျော်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

“အခုဆိုရင် နိုင်ငံတကာဘက်မှာလည်း မြန်မာ့အရေးနဲ့ ပါတ်သက်ပြီး အိမ်နီးချင်း နိုင်ငံတွေကစလို့ EU အထိ အသံတွေ ကျယ်ကျယ်လောင်လောင် ထွက်လာနေတာ အားလုံးလည်း သတိ ထားမိမယ် ထင်ပါတယ်။ ဒီလိုလှုပ်ခတ်မှုတွေဟာ ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတာတွေလည်း ရှိသလို၊ ဆိုးတာတွေကိုလည်း ဖြစ်လာနိုင်ချေရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဘက်ပေါင်းစုံက ဖြစ်ပေါ်လာ နိုင်ဖွယ်ရှိတဲ့ အခြေအနေတွေကို တွက်ဆပြီး လျှင်လျှင်မြန်မြန် တုန့်ပြန်မှုတွေ ပြုလုပ်ဖို့လိုမှာ ဖြစ် ပါတယ်။ တခါတရံ အကြပ်အတည်းတွေကနေ အခွင့်အလမ်းလည်း ပေါ်လာနိုင်တာမို့ ကျွန်တော်တို့ အားလုံးဟာ အရှိန်အဟုန်ကောင်းစွာနဲ့ ဆက်လက် အလုပ်လုပ်နေဖို့လိုမှာ ဖြစ်ပါတယ်။” ဟု သတိပေး ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *