Sagaing News

0 0
Read Time:2 Minute, 6 Second

စစ်ကိုင်းမြို့နယ်တွင် ဇနီးဖြစ်သူထံခိုးကြောင်ခိုးဝှက်ဖြင့်ပြန်လာသည့် ရဲအုပ် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၁

 

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင်း ဇနီးဖြစ်သူထံ ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်လာသည့် ရဲအုပ်တစ်ဦး ကို ပစ်ခတ်ဖမ်းဆီးရာ သေဆုံးသွားကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက် နေ့လည်ပိုင်းက စစ်ကိုင်းမြို့နယ်၊ မင်းကွန်းတိုက်နယ်ရဲစခန်းသို့ ရာထူးတိုးဖြင့် ပြောင်းရွှေ့ရောက်ရှိလာသော ရဲ -အု-ပ်- မြင့်-လွင်သည် နေအိမ်သို့ အရပ်ဝတ်ဖြင့် ခိုး ကြောင်ခိုးဝှက်ပြန်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းရသဖြင့် ဝင်ရောက်ဖမ်းဆီးရာ ထွက်ပြေးသွားသဖြင့် ပစ်ခတ်ဖမ်းဆီးရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။

“မင်းကွန်းတိုက်နယ်ထဲက ရွာမှာနေတဲ့ သူ့မိန်းမဆီကို ပြန်လာတာ။ အရပ်ဝတ်နဲ့ပဲ ခိုးကြောင်ခိုးဝှက် နဲ့ ပြန်လာတာပေါ့၊ သွားဖမ်းတုန်းကတော့ အရှင်ဖမ်းဖို့ပါပဲ။ သူက ထွက်ပြေးလို့ ပစ်ခတ်ဖမ်းဆီးလိုက် ရတာ၊ မိသားစုတွေကို ဘာမှ မလုပ်ခဲ့ပါဘူး။ ဘယ်သူမှလည်းမထိခိုက်ဘူး။ သူစီးတဲ့ဆိုင်ကယ်တစ်စီး တော့သိမ်းဆည်းရရှိခဲ့တယ်။ လက်နက်တွေဘာတွေ ပါမလာဘူး။ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်လာတာ ဆိုတော့” ဟု ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ လုပ်ဆောင်မှုကို Road To Mandalay အဖွဲ့သားများနှင့် Royal Falcon (Sadaung Falcon ) တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော ရဲအုပ် အလောင်းကို ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *