MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲကို အညာဒေသ ၄ နှစ်တာကာလ စစ်ရေးအခြေအနေမေးမြန်း ချက် (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၁
“ကျနော်တို့ နည်းနည်းလေးလိုချင်ရင် နည်းနည်းလေးပေးဆပ်ရမယ်၊ အခုကျနော်တို့ ယူနေတဲ့ အရာက ကျနော်တို့ အနာဂတ်ကြီးတစ်ခု၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကြီးတစ်ခု၊ ကျနော်တို့ တိုင်းပြည်တစ်ပြည်လုံးကောင်းစားဖို့အတွက် ကျနော်တို့ လုပ်တာဖြစ်တဲ့ အတွက် ကြေး ကတော့ ကြီးတယ်။ ကျနော်တို့ အသက်တွေ၊ ကျနော်တို့ အနာဂတ်တွေ ကျနော်တို့ရဲ့ လွတ်လပ်မှု တွေအား လုံးကို ပေးဆပ်ပြီးတော့ ရင်းပြီးတော့ လောင်းကြေးထပ်ပြီးတော့ အနိုင်တိုက်နေရတာဖြစ် တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း ဘယ်လောက်ပဲခဲယဉ်း၊ ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေ မှာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ စိတ်ပျက်မသွားပဲနဲ့ ဆက်လက်ပြီးတော့ တောင့်ခံပေးဖို့ မေတ္တာရပ် ခံချင်တာပါ။”
မေး = တပ်ဖွဲ့စတင်တည်ထောင်ဖြစ်ခဲ့တဲ့အချိန် သမိုင်းကြောင်းလေးပြောပြပေးပါအုံး
ဖြေ = ကျနော်တို့ ဒီတပ်ဖွဲ့စပြီးတည်ထောင်ဖြစ်ခဲ့တဲ့အချိန်က ၂၀၂၂ ၅ လပိုင်း ၂၁ ရက်နေ့ပေါ့။ ရှမ်း မြောက်ဒေသမှာ စစ်ပညာသင်တယ်။ ကျနော်တို့ တိုက်ခိုက်ရေး ရဲဘော် ၅ ဦးရယ်။ ထောက်ပို့ ရဲဘော် ၂ ဦးရယ်၊ စုစုပေါင်း ၇ ယောက်နဲ့ အညာဘက်ကို ပြန်ဆင်းလာနိုင်ခဲ့ပါတယ်။ ပြန်ဆင်းလာခဲ့ ပြီးတော့ ၂၀၂၂ ခုနှစ် ၅ ပိုင်း ၂၁ ရက်နေ့မှာ Myningyan Black Tiger – MBT တပ်ဖွဲ့ဆိုပြီးတော့ စပြီး ထူ ထောင်ဖြစ်ခဲ့ပါတယ်။ အခုချိန်မှာတော့ အင်အားရာချီရှိတယ်။ MBT တပ်တစ်ခုအနေနဲ့ စစ်အာဏာ ရှင် အမြစ်ပြတ်တိုက်ထုတ်ရေးလုပ်ငန်းစဉ်တွေကို အားကြိုးမာန်တက်နဲ့ပါဝင်လုပ်ကိုင်နေပါတယ်။ ရုန်း ကန်နေရတာတွေကတော့ များစွာရှိပါတယ်။
မေး = အခုတော်လှန်ရေး ၄ နှစ်တာကာမှာ တိုးတက်မှု၊ ပြောင်းလဲမှုအခြေအနေလေးတွေရော ပြောပြပေးပါအုံး
ဖြေ = တိုးတက်ပြောင်းလဲမှုအခြေအနေကတော့ များစွာရှိတာပေါ့။ အထူးသဖြင့် ကျနော်တို့ အရင် တုန်းက တူးမီးနဲ့စခဲ့တဲ့၊ ဂျင်းဂလိနဲ့စခဲ့တဲ့ကြရတာ၊ စကစတွေလာပြီဆိုရင် ကျနော်တို့က ခုခံ စစ်ကို ၅ မိနစ်ထက်တောင် ပိုမလုပ်နိုင်ခဲ့ဘူး။ ပြန်ဆုတ်ပြေးရတဲ့အနေအထားတွေမှာ ရှိတယ်။ သူတို့က အရပ် သားပြည်သူတွေကို သတ်ဖြတ်တာတွေ၊ မုဒိမ်းကျင့်တာတွေ၊ မီးရှို့တာတွေကို ခေါင်းငုံကြည့်နေခဲ့ရတဲ့ အနေအထားပေါ့။ အခုချိန်မှာတော့ အရာအားလုံးက ပြောင်းလဲသွားပြီ။ ကျနော်တို့ အညာဒေသမှာရှိ တဲ့တပ်တွေအနေနဲ့ စစ်ရေးအတွေ့အကြုံတွေကို တိုင်းရင်းသားတပ်တွေနဲ့ ဖလှယ်ယူခဲ့တဲ့အတိုင်းအ တာရှိတယ်။ အတူတူတွဲပြီးတော့ စစ်ပညာသင်ယူရင်းတိုက်ခိုက်ခဲ့တာတွေရှိတယ်။ ပေးဆပ်ခဲ့ရမှု တွေ လည်းများစွာရှိခဲ့တာပဲ။ အခုအနေအထားမှာကျတော့ အညာဒေသမှာရှိတဲ့ တပ်တွေတော်တော် များများမှာ စစ်ရေးအတွေ့အကြုံတွေရင့်ကျက်လာပြီ။ စစ်ရေးအတွေ့အကြုံတွေများစွာရှိလာပြီ။ အဲလိုမျိုး အနေအထားမှာရှိတယ်။ ပြီးရင် လက်နက်ခဲယမ်းနဲ့ပတ်သက်တဲ့ အရာတွေ အနည်းငယ် တောင့်တင်းလာတာရှိတယ်။ အရင်တုန်းက ကျနော်တို့ ခုခံစစ်တောင်ကောင်းကောင်း မပြင်နိုင်ခဲ့တဲ့ အခြေအနေကနေ အခုချိန်မှာဆိုရင် အခုချိန်မှာ ခုခံစစ်ကိုကောင်းကောင်းကြီး ထိန်းထားနိုင်ရုံသာ မက နယ်မြေတွေ ရလာတာရှိတယ်။ ပြီးရင် တန်ပြန်ထိုးစစ်အဲလိုတွေ ကောင်းကောင်းလုပ်နိုင်တဲ့ အနေအထားမှာရှိတယ်။ ရန်သူအနေနဲ့ ကျနော်တို့ဘက်ကို ထိုးစစ်ဆင်နိုင်ဖို့ နေနေသာသာ သူတို့ လက်ရှိ ရှိနေတဲ့ နေရာလေး မကျဆုံးရေးကိုပဲ သူတို့ အသဲအသန်ကာနေရတဲ့ အနေအထားမှာ ရှိတယ်။
မေး = ၄ နှစ်တာကာလအတွင်း အမှတ်တရလေးတွေဆိုရင်ဘာများဖြစ်နိုင်မလဲ။
ဖြေ = ပြောရမယ်ဆိုရင် မကုန်နိုင်ဘူးပေါ့၊ ၄ နှစ်တာကာလအတွင်း အမှတ်တရတွေကတော့ များစွာ ရှိခဲ့ပါတယ်။ ကျနော်တို့ တိုက်ပွဲတွေလည်း အများကြီးရှိခဲ့တယ်။ အထူးသဖြင့်အမှတ်တရကို ပြောရ မယ်ဆိုရင်တော့ ရေစကြို ငြိမ်းဇာနည်စခန်းကို တိုက်တဲ့အချိန်မှာ ကျနော်တို့နောက်မှာ ရန်သူက ဝါးတပြန်လောက်ကနေ ရောက်နေတာ၊ သူက ကျနော်တို့ကို စိန်ပြေနပြေပစ်နေတာ။ ဒါပေမယ့် ကျနော်တို့ကို မမှန်ဘူး ၊ အဲလိုအနေအထားမျိုးမှာ ကိုယ်သေ၊ သူသေ တိုက်ရတဲ့အချိန်မှာ ရုန်းကန်ခဲ့ ရတဲ့အနေအထားတွေ၊ ဖြစ်ပျက်သွားတဲ့အနေအထားတွေပေါ့၊ တိုက်ပွဲထဲမှာ အပြန်အလှန်တိုက်ကြ တယ်၊ ခိုက်ကြတယ်၊ ကျနော်တို့လည်း စခန်းကို မရ ရအောင်တိုက်မယ်ဆိုပြီးတော့ စိတ်နှစ်ထားပြီး တော့တိုက်တာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့တိုက်တယ်။ ဒါပေမယ့် အနေအထားတစ်ခုကြောင့် ကျနော်တို့ ကင်းပေါက်သွားတယ်။ ကျနော်တို့ဘက်က ကင်းကျိုးပြီးတော့ ရန်သူကျနော်တို့နဲ့ အနီး ကပ်ဝင်လာတဲ့အချိန်မှာ လူရောသွားတဲ့အနေအထားပေါ့၊ လူရောထွေးပြီးတော့ ဝရုန်းသုန်းကား တွေဖြစ်ပြီးတော့ ကိုယ်ပစ်သူပစ်တွေပစ်ကြတယ်။ အနီးကပ်ပဲ၊ အဲလိုအနေအထားမျိုးမှာ ကျနော်တို့ ရဲဘော်တွေထိတာတွေလည်းရှိတယ်။ သူတို့ဘက်ကလည်းကျဆုံးတာတွေ ထိတာတွေရှိတယ်။ ဒီလို အခြေအနေတွေကတော့ မေ့လို့ရမယ်အရာတစ်ခုမဟုတ်ပါဘူး။
မေး။ လက်ရှိတော်လှန်ရေး အခြေအနေ သုံးသပ်ချက်လေးပြောပေးပါအုံး
ဖြေ = လက်ရှိတော်လှန်ရေး အခြေအနေသုံးသပ်ချက် ကျနော်တို့အမြင်ပြောရမယ်ဆိုရင်တော့ မကြာ ခင်အချိန်အတွင်းမှာ ကျနော်တို့လိုချင်တဲ့ ပန်းတိုင်တစ်ခုကို ရောက်တော့မယ်လို့ ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်အစောတုန်းကပြောခဲ့သလိုပဲပေါ့။ အရင်တုန်းက ကောင်းကောင်း တောင်မထိန်းနိုင်ခဲ့တဲ့ နေရာတွေကအခုဆိုရင် ထိန်းနိုင်ရုံတင်မက တန်ပြန်ထိုးစစ်တွေ၊ ရန်သူ့နယ် မြေတွေကို ဆက်ပြီးတော့ တိုးချဲ့သိမ်းပိုက်ဖို့အတွက်ပါ ကျနော်တို့က ပြင်ဆင်နိုင်တဲ့အနေအထားမှာ ရှိတယ်။ သူတို့ ဘက်က ခုခံစစ်မကျရေးအတွက် ပေါ်တာတွေဆွဲလိုက်၊ လေကြောင်းတွေသုံးလိုက်နဲ့ လုပ်နေရပြီ။ အရင်တုန်းကလေကြောင်းဆိုတာ တိုင်းရင်းသားဘက်မှာပဲ သုံးတယ်။ အညာဘက်မှာ သုံးတာရှားတယ်။ အခုဆိုရင်တော့ အညာဘက်မှာ နေ့တိုင်းလိုလို လေယာဉ်မျိုးစုံသုံးတယ်၊ ဂျက်ဖိုက် တာ၊ Mi 35 ၊ ဗုံးကြဲလေယာဉ် ကစ အကုန်လုံးကို သုံးနေတဲ့အနေအထားတာပေါ့၊ ဟောင်ဝှစ်ဇာက အစပေါ့နော်။ အဲလိုအနေအထားတွေမှာဆိုရင် သေချာတွက်ချက်ကြည့်လိုက်ပါ၊ အဆိုးထဲက အ ကောင်း ပေါ့။ ကျနော်တို့ ရွာတွေ ဗုံးတွေကြဲခံရတယ်၊ မကောင်းဘူးမှန်တယ်။ ဒါပေမယ့် သေချာ စနစ်တကျတွေးကြည့်လိုက်မယ်ဆိုရင် သူတို့ဘက်က အညာဒေသလို နေရာမျိုးတောာင်မှ လေ ကြောင်း သုံးနေပြီဆိုရင် သူတို့ရဲ့ စစ်ရေးအခြေအနေ ဘယ်လောက်ထိတောင် ကျရှုံးနေပြီလဲ။ သူတို့ရဲ့ ဘဝနိဂုံးချုပ်က ဘယ်လောက်အထိ နီးစပ်နေပြီလဲဆိုတာ ကျနော်တို့တွေးဆလို့ရပါတယ်။ ဒါကြောင့် ကျနော်ကတော့ မကြာခင်အချိန်အတွင်းမှာ ကျနော်တို့ လိုချင်တဲ့ပန်းတိုင်၊ ကျနော်တို့ လိုချင်တဲ့ ဒီမိုကရေစီနိုင်ငံသစ်တစ်ခုကို ရမယ်လို့ ယုံကြည်ပါတယ်။
မေး = ပြည်သူတွေကို ဘယ်လိုတိုက်တွန်းချင်ပါလဲ။
ဖြေ = အထူးသဖြင့် စကစရဲ့ လေကြောင်းတိုက်ခိုက်မှုကို ကြည့်လိုက်မယ်ဆိုရင် ပြည်သူ ထိခိုက်မှု က ပိုများတယ်။ တော်လှန်ရေးရဲဘော်တွေထိခိုက်မှုထက် ပြည်သူထိခိုက်မှုက ပိုများတယ်။ ဘာကြောင့် လည်းဆိုရင် ပြည်သူမှာက စစ်ရေးအတွေ့အကြံတွေမရှိဘူး။ စစ်ရေးနဲ့ပတ်သက်တဲ့ ပညာတွေမရှိတဲ့ အတွက်ပေါ့၊ အဓိကတော့ လေကြောင်းရန် ကာကွယ်ဖို့ အိမ်တိုင်းအိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ တူး ထားဖို့လိုတယ်။ ပြီးလို့ရှိရင် ဒီတော်လှန်ရေးမှာ အခက်အခဲတွေရှိတယ်။ စိတ်ညစ်စရာလည်းများစွာ ရှိပါတယ်။ ဒါတွေအကုန်လုံးကို ကျော်လွှားနိုင်မှ ရမယ်၊ ဘယ်အောင်မြင်မှုကို ကျနော်တို့ လွယ်လွယ် နဲ့မရပါဘူး။ ကျနော်တို့ နည်းနည်းလေးလိုချင်ရင် နည်းနည်းလေးပေးဆပ်ရမယ်၊ အခုကျနော်တို့ ယူနေတဲ့အရာက ကျနော်တို့ အနာဂတ်ကြီးတစ်ခု၊ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ်ကြီးတစ်ခု၊ ကျနော်တို့ တိုင်းပြည်တစ်ပြည်လုံးကောင်းစားဖို့အတွက် ကျနော်တို့ လုပ်တာဖြစ်တဲ့ အတွက် ကြေး ကတော့ ကြီးတယ်။ ကျနော်တို့ အသက်တွေ၊ ကျနော်တို့ အနာဂတ်တွေ ကျနော်တို့ရဲ့ လွတ်လပ်မှု တွေအားလုံးကို ပေးဆပ်ပြီးတော့ ရင်းပြီးတော့ လောင်းကြေးထပ်ပြီးတော့ အနိုင်တိုက်နေရတာဖြစ် တယ်။ ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း ဘယ်လောက်ပဲခဲယဉ်း၊ ဘယ်လောက်ပဲ ခက်ခဲတဲ့ အခြေအနေ မှာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးမှာ စိတ်ပျက်မသွားပဲနဲ့ ဆက်လက်ပြီးတော့ တောင့်ခံပေးဖို့ မေတ္တာရပ်ခံချင်တာပါ။