Bago News

0 0
Read Time:3 Minute, 42 Second

ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော စစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၁

 

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ ပဲခူးရိုးမပေါ်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း PDF Thegon တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၈ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က ပေါက်ခေါင်းမြို့နယ်၊ ညောင်ဝန်းကျေးရွာ၊ ရိပ်သာ၌ စခန်းချနေသော စစ်သား၊ ပျူစောထီး အင်အား ၃၀ ခန့်သည် ပဲခူးရိုးမပေါ်သို့ စစ်ကြောင်း ထိုးဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည်ကို ကြိုတင်သတင်းရသဖြင့် ကြိုတင်မိုင်းကွင်းဆင်ထားရာ ည ၈ နာရီအချိန်တွင် လှည်းကူးအုပ်စု ၊ ငပျင်းတောင်ခြေရင်း သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ဖြင့် ပစ်ခတ် ဝင်ရောက်လာခဲ့ရာ မိုင်းကွင်းအတွင်း အရောက် ပဒေသာမိုင်း ၈ လုံးဖြင့် မိုင်းဆွဲ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း မိုင်း ၆ လုံးပေါက်ကွဲခဲ့ပြီး အကြမ်းဖက်စစ်သားများမှာ အထိနာပြီး အော်ဟစ်ကာ ပြန်ဆုတ်ပြေးသွားခဲ့ကြောင်း၊ သေဆုံးထိခိုက်မှုသိရှိနိုင်ရန် စုံစမ်းချက်အရ တောင် လည် တိုက်နယ် ဆေးရုံသို့ ၄ ဦးဒဏ်ရာအပြင်းအထန်ဖြင့် ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

“မိုင်းဆွဲတဲ့ ငပျင်းတောင်ခြေမှာပဲ ရှိသေးတယ်။ မထွက်သေးဘူး။ တောင်နဝင်းဆည်ဘက်ကနေ လှေ နဲ့တက်လာတ့ စခတွေကလည်း ၃၀ လောက်ရှိတယ်။ အင်အားက ၂ ခုပေါင်းထားတာဆိုတော့ ခန့်မှန်းလို့မရသေးဘူး။ မိုင်းဆွဲတဲ့နေ့ ဒဏ်ရာရတဲ့သူတွေကို ထမ်းပြီး‌ တောင်လည်အထိုင်စခန်းကို ထမ်းသယ်သွားတာတွေလည်းရှိတယ်။ တောင်လည်တိုက်နယ်ဆေးရုံကိုတော့ ဒဏ်ရာရ အပြင်း အထန်နဲ့ ၄ ဦးရောက်လာတယ်လို့ သတင်းရထားပါတယ်။ ဆေးရုံရောက် တာက‌ သေချာတယ်၊ သေဆုံးမှုကတော့ မသိရသေးဘူး။ တိုက်ပွဲတွေထပ်ဖြစ်လာနိုင်လို့ ပြည်သူတွေ သတိရှိစွာနေကြဖို့၊ ကျနော်တို့ ထုတ်ပြန်ချက်တွေကို လိုက်နာပေးကြဖို့နဲ့ အားတင်းထားကြဖို့ ပြောချင်ပါတယ်” ဟု  PDF Thegon တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်ခရိုင် ၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း ၃၆၀ ၂၊ TPDF တပ်ခွဲ ၄ စစ်ကြောင်းမှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ထပ်မံ အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးရန် ပြင် ဆင်နေပြီး အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်သောကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ရေးသတိ၊ အသိ အမြဲရှိနေကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အဖွဲ့များ၏ အချိန်နှင့်တပြေးညီ ထုတ် ပြန်သော ထုတ်ပြန်ချက်များကို အလေးထားလိုက်နာပေးကြပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *