မိုးကုတ်မြို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံး သီး အလုံး ၂၀ ခန့်ကြဲတိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး ပြီး ၁၉ ဦး ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၀
မန္တလေးတိုင်း၊ TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးသီး အလုံး ၂၀ ခန့် ကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက် ညသန်းခေါင်းယံအချိန်၊ ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် အ စောပိုင်းက တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ မန္တလေးတိုင်း ၊ မိုးကုတ်မြို့၊ အနောက်ပိုင်းကို စစ် ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးသီး အလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသား ၅ ဦး သေဆုံးပြီး အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၁၄ ဦး စုစုပေါင်း ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကာ နေအိမ်များထည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ဗုံးကြဲမှုကြောင့် ဗုံးစထိမှန်သော ဒေသခံပြည်သူများကို PSLF/TNLA ရဲဌာနနှင့် ပရဟိတ အသင်းများမှ ဝိုင်း၀န်းကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ပေးခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက အသိပေးထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်လည်း နောင်ချိုမြို့၊ သပြေတောင်ဘုရားကုန်းပေါ်ရှိ ဘိုဘွားရိပ်သာ စခန်းများကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထား၍ ရည်ရွယ် ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ဘိုးဘွားရိပ်သာ အဆောက် အအုံထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံး ကြဲတိုက်ခိုက်နေသောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင် ရှားနိုင်ရန်၊ စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်၊ လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက အသိပေးထားသည်။
Thanlwin Myanmar Media