စစ်မှုထမ်းသင်တန်းဆင်း တပ်သားများကို လောင်းလုံးပကဖ ကယ်ထုတ်၊ ရင်ဆိုင်တိုက်ပွဲများတွင် မည်သူ့ကိုမျှ ငဲ့ညှာနိုင်မည်မဟုတ်သည့်အတွက် ကြိုတင် ချိတ်ဆက်အလင်းဝင်ကြရန် တိုက်တွန်း
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၁၀
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် စစ်မှုထမ်းသင်တန်းဆင်းတပ်သားများကို လောင်းလုံးပကဖ က ကယ်ထုတ်နိုင်ခဲ့ကြောင်းနှင့် ရင်ဆိုင်တိုက်ပွဲများတွင် မည်သူ့ကိုမျှ ငဲ့ညှာနိုင်မည်မဟုတ်သည့် အ တွက် ကြိုတင်ချိတ်ဆက် အလင်းဝင်ကြရန် လောင်းလုံးပကဖက တိုက်တွန်းထုတ်ပြန်ထားသည်။
ယခု ဖေဖော်ဝါရီလတွင် ထားဝယ်မြို့ အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂ မှ တပ်သားသစ် ၅ ဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် များက သွားရောက် ခေါ်ထုတ်နိုင်ခဲ့ပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း၊ အလင်း ဝင်လာသော စစ်မှုထမ်း တပ်သားသစ် ၅ ဦးသည် သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံးယူဆောင် လာခဲ့ကြောင်း သိရသည်။
ထိုသို့ ကယ်ထုတ်ခဲ့ရသည့် စစ်မှုထမ်းတပ်သားတွင် လောင်းလုံး ပကဖ ရဲဘော်အဖြစ် တော်လှန်ရေး အတွင်း ဆက်လက် တာ၀န်ထမ်းဆောင်မည့်သူ နှင့် နိုင်ငံခြား သို့ ထွက်ခွာမည့်သူများပါကြောင်း သိရ သည်။
စစ်ကောင်စီတပ်သားများအနေဖြင့် အချိန်မရွေးဆက်သွယ်ကာ ပြည်သူ့ဘက်သို့ ကူးပြောင်းနိုင်ပြီး လက်နက်ဖြင့် အလင်း၀င်ရောက်လာသူများကို ထိုက်ထိုက်တန်တန် ဆုငွေများ ဆုချီးမြှင့်သွားမည် ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်မှ အချိန်မီ ထွက်ခွာကြရန်နှင့် အလင်း၀င်ရောက်လို သူများ အနေဖြင့် စိတ်ချလက်ချ ချိတ်ဆက်၀င်ရောက်ကြပါရန် ဆက်လက်တိုက်တွန်းထားသည်။
စစ်ကောင်စီလက်အောက် အသက်ပေးတိုက်ခိုက်ရခြင်းထက် ပြည်သူ့ရင်ခွင်၌ အသက် ပေးရင်ဆိုင် ဖြတ်သန်းရခြင်းက ပို၍အဓိပ္ပါယ်ရှိကြောင်း ၊တိုက်ပွဲအတွင်း ထိပ်တိုက်ရင်ဆိုင်ရပါက မည်သူ့ကိုမျှ ငဲ့ညှာနိုင်မည်မဟုတ်ပဲ ကြိုတင်ချိတ်ဆက် အလင်း၀င်ရောက်လိုသူများသာ လက်ခံကြိုဆိုသွားမည် ဖြစ်ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ အသိပေးထုတ်ပြန်ထား သည်။
Thanlwin Myanmar Media