Mon State News

0 0
Read Time:2 Minute, 35 Second

သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ လက် နက်ကြီးဖြင့် တိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၉

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြိုနယ်၊ သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမတ ၃၀၁ တပ်ရင်း တို့ကို ဒရုန်း၊ ၆၀ မမ တို့ဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ပဲခူးခရိုင်ပကဖထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် သိမ်ဇရပ်မြို့ အခြေစိုက် ခမရ ၂၀၇ တပ်ရင်း ဗဟိုကင်းနှင့် အမြောက်တပ်ကို ပဲခူးခရိုင် ပကဖ၊ အင်းတကော် (ပကဖ) ဒရုန်းအဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ဝေါ (ပကဖ) မှ တော်လှန်ရေးရဲဘော် များ ဦးဆောင်၍ အမှတ် ၃၁၀ အမြောက်တပ်ရင်းကို ၆၀ မမ စိန်ပြောင်း ၂ လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

“တပ်ထဲကို လူနာတင်ကားတွေ ဝင်သွားတယ်။ စကစဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေရှိမယ် ထင်တဲ့ နယ်မြေထဲကို လက်နက်ကြီးတွေနဲ့ ပြန်ပစ်တာရှိတယ်။ ထိခိုက်သေဆုံးမှုရှိပေမယ့် အတိအ ကျ မသိရသေးဘူး။” ဟု ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ပဲခူးခရိုင်ပကဖ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အရှိန်မြှင့်တိုက်ခိုက်ရန် ကမ်ပိန်းလုပ်ဆောင်နေပြီး မိဘပြည် သူများ အနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာခံထားသည်။

 

“ပဲခူးခရိုင် ပကဖ အနေနဲ့ ‘စစ်တောင်းမှသည် အိမ်အပြန်သို့’ ဆိုတဲ့ ပထမဆုံး ကမ်းပိန်းလေးလုပ် နေပါတယ်။ လက်မှတ်တစ်စောင်မှ တစ်သောင်းကျပ်တည်းပါ။ စကစကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့၊ ဒရုန်း၊ ၆၀ မမ လက်နက်ကြီးတွေဝယ်ယူနိုင်ဖို့ လုပ်ဆောင်နေတာပါ။ ဒါ့ကြောင့်မိဘပြည်သူတွေ အနေနဲ့ ပါဝင်အားဖြည့်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပဲခူးခရိုင် တာဝန်ခံ ကိုဖြိုးမောင်က ပြောဆိုထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *