Sagaing News

0 0
Read Time:2 Minute, 37 Second

မုံရွာမြို့နယ်၊ကြေးမုံရွာအနီးသို့ ရောက်ရှိနေသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၈ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၉

 

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်သားများကို ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး သေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က မုံရွာမြို့နယ်၊ စွမ်းရည်ထက်ဂိတ် စခန်း နှင့် တောပုပျူရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းသည် မုံရွာမြို့နယ်၊ ကြေးမုံရွာအနီးသို့ ရောက်ရှိ နေရာယူစဥ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ၃ ကြိမ်တိုင် တိုင် အနီးကပ်ဝင်ရောက် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးကာ အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ခိုက်မှုအတွင်း စစ်ကူအင်အားများ ရောက်ရှိလာပြီး လက်နက်ခဲယမ်းအင်အားမမျှသဖြင့် ပြည်သူ့ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ရခြင်းဖြစ်ကြောင်း အသိပေး ထားသည်။

“ခုရက်ပိုင်း စခတွေလမ်းပေါ်နေရာ အနှံ့တပ်ဖြန့်တာပါ၊ လမ်းကြောင်းရှိလို့တော့ ဟုတ်မယ်ထင်ဘူး။ ကြေးနီတင်ကားတွေလည်း ခုရက်ပိုင်းဖြတ်မရှိဘူး။ စစ်မှုထမ်းတပ်သားသစ်တွေ အင်အားဖြည့်ပြီး တပ်ဖြန့်အင်အားပြသတာမျိုးဖြစ်နိုင်တယ်” ဟု People’s Defence Force – South Monywa တပ် ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း- People’s Defence Force -South Monywa ၊ မုံရွာခရိုင်တပ်ရင်း ၂၂ ၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ ၊ တပ်ခွဲ ၄ ၊ မုံရွာမြို့နယ်၊ တိုက်နယ် ၄ ရပ်ကျေး ပကဖ၊ Brave Heart Army နှင့် Golden Target Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

 

မုံရွာ-မန္တလေးလမ်းပိုင်းအားအသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီကား တန်း များနှင့်တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေများသည်နှင့် ကြုံတွေ့ပါက ရောက်သည့်နေရာမှရပ်တန့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *