Sagaing News

0 0
Read Time:2 Minute, 48 Second

ချောင်းဦးမြို့နယ်၊မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှုစစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၉

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာမ-မန္တလေးလမ်းပေါ်တွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း People’s Defence Force – South Monywa တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က ချောင်းဦးမြို့နယ်၊ ရေးပိုးစားကျေးရွာ ဘက်ရောက်ရှိနေသော စစ်ကြောင်းသည် နတ်ရေကန်စခန်း ဘက်သို့ ထွက်လာစဥ် အသင့်ပြင်ထားသော မိုင်းကွင်းနားသို့ အရောက်ပဒေသာမိုင်း ၃ လုံးဖြင့်ဖောက် ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၁၁ တပ်ရင်း – People’s Defence Force – South Monywa တပ်ဖွဲ့ဝင်များမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မုံရွာ-မန္တလေးလမ်းပိုင်းအားအသုံးပြုနေကြသော မိဘပြည်သူများအနေဖြင့် စစ်ကောင်စီကားတန်း များနှင့် တွေ့ပါက ခပ်ဝေးဝေးမှရှောင်ရှားကြရန်နှင့် တိုက်ပွဲဖြစ်ပွားနေများသည်နှင့် ကြုံတွေ့ပါက ရောက်သည့်နေရာမှရပ်တန့်ပေးပါရန် မေတ္တာရပ်ခံထားသည်။

 

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပေါ်တွင် စစ်ကောင်စီ တပ်သားများ ကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း Snipe Rangers Force (Local – PDF) ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၀ မိနစ်ခန့်တွင် နတ်ရေကန် စစ်တပ် အထိုင် စခန်းမှ ပြည် သူပိုင် ကားများနှင့် လိုက်ပါလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို နတ်ရေကန် နှင့် ရေပိုးစားအကြား လမ်းခွဲ ဇရပ်အနီးတွင် ကားပေါ်မှာ ဆင်းလာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local – PDF) ၊ PGC (မြင်းမူ) နှင့် ရပ်ကျေး ပကဖ တို့က ပူးတွဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanamar Media

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *