အာဏာရှင်များည် ဘာသာရေးကို တကယ့်ယုံကြည်မှုမဟုတ်ပဲ အာဏာတည်မြဲရေး လုပ်ဆောင်နေ ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် ပြောဆို
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၉
အာဏာရှင်များသည် ဘာသာရေးကို တကယ့်ယုံကြည်မှုမဟုတ်ပဲ အာဏာတည်မြဲရေးအတွက် လုပ်ဆောင်နေကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုသည်။
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင်ကျင်းပသည့် နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် ထိပ် သီးအစည်းအဝေးသို့ တက်ရောက်ကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုလိုက်ခြင်းဖြစ်သည်။
“အာဏာရှင်နိုင်ငံတွေမှာ ဘာသာရေးကို အကြောင်းပြုပြီးတော့ ဖိနှိပ်တယ်၊ အာဏာရှင်တွေပဲ အာ ဏာတည်မြဲဖို့လုပ်တယ်။ တကယ်တော့ဘာသာရေးကို တကယ်ယုံကြည်လို့ မဟုတ်ဘဲနဲ့ လူ့အဖွဲ့ အ စည်း တွေကြားမှာ ကွဲပြားအောင်လုပ်ပြီး အာဏာတည်မြဲအောင်လုပ်နေတဲ့ pattern ချင်းကတော့ အတူတူပါပဲ။ အဲ့တာတွေကို ပြန်ပြီးလေ့လာလို့ရတယ်။ အဲ့တာကို အကြောင်းပြုပြီးတော့ မြန်မာ ပြည်မှာဖြစ်နေတဲ့ အခြေအနေတွေ၊ ပဋိပက္ခတွေ၊ ဒီပဋိပက္ခကို အသုံးပြုပြီးတော့ communityတွေကို အားကောင်းအောင် လုပ်တာမျိုးမဟုတ်ဘဲနဲ့ ဒီပဋိပက္ခတွေက community တွေ၊ လူ့အသိုင်း အဝိုင်း တွေ၊ နိုင်ငံတွေကိုပိုပြီးတော့ ကွဲပြားခြားနားအောင်လုပ်ပြီးတော့ မတူတဲ့ယုံကြည်မှုတွေ၊ မတူတဲ့ ဘာသာရေးတွေ၊ ဒီဟာတွေကြားထဲမှာ ကွဲကွဲပြားပြားဖြစ်အောင် လုပ်ပြီးတော့ဘဲ အာဏာရှင်တွေက သူတို့အာဏာရအောင် လုပ်လာတာဖြစ်တယ်။ အဲ့ဒီတူညီတဲ့ အချက်တွေကိုတော့ ကျမတို့မြင်ရ တယ်၊ ကမ္ဘာနိုင်ငံအသီးသီးက။ မြန်မာနိုင်ငံကလည်း အဲ့ဒီထဲက example တခုဖြစ်တယ်။ အဲ့တာကို အကြောင်းပြုပြီးတော့ အခုနွေဦးတော်လှန်ရေးမှာဖြစ်ပေါ်နေတဲ့ inclusive ဖြစ်တဲ့ diverse ဖြစ်တဲ့ ဟာတွေကို ပိုပြီးတော့ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်လုပ်ခြင်းအားဖြင့်သာ ဒါကိုကျော်လွှားနိုင် မယ်ဆိုတဲ့ ကိစ္စ”ဟု ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင်က အဓိကပြောကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာ ဘာသာရေးဆိုင်ရာလွတ်လပ်ခွင့် (IRF) ထိပ်သီး အစည်းအဝေးသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့်အပြင် နိုင်ငံပေါင်း ၄၁ နိုင်ငံကျော်က ကိုယ်စား လှယ်ပေါင်း ၁၅၀၀ ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media