သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၆ ဦး သေဆုံးကာ တော် လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံး
သံလွင်မြန်မာသတင်း
ဖေဖော်ဝါရီလ ၈
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဂုံညင်းဆိပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၁၆ ဦး သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်း ထံမှ သိရ သည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စခန်းမှ တပ်ချိန်း၍ ထွက်လာသော အင်အား ၇၀ ခန့်အကြမ်းဖက်စစ်တပ်သည် ချောင်းဝပြင်ရွာ၊ သရက်ပင် အိုင်ရွာနှင့် ရေချိုချောင်းရွာများကို ဖြတ်သန်း၍ ဂုံညင်းဆိပ်ရွာသို့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင်ရောက် ရှိကာ လာရောက်ကြိုဆိုမည့် စက်လှေကို စောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ထို့သို့ လာရောက်ကြိုဆိုမည့်စက်လှေအား စောင့်ဆိုင်းနေသည့်အကြမ်းဖက်စစ်သားများကို ဇန်ဝါရီလ ၃၀ ရက် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်တွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များမှ ဝေဟင် ဒရုန်းဗုံးသီး များကျဲချ၍ မြေပြင်မှလည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီးစစ်တပ် ဘက်မှ ကြည်း ၊ ရေ ဖြင့်ခုခံကာကွယ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် ည ၇ နာရီအထိ ၃ နာရီခွဲခန့်ကြာမြင့်ခဲ့ပြီး စစ်သား ၁၆ ဦး သေဆုံးကာ ၈ ဦး ဒဏ် ရာရရှိခဲ့ပြီး ကနက်သီရီ အရှေ့ပြင်လယ်ရှိ အကြမ်းဖက်စစ်တပ်သင်္ဘောမှ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ည ၁၀ နာရီအထိ ဂုံညင်းဆိပ် ကျေးရွာအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“သင်္ဘောက ပစ်ကူပေးတာကတော့ တက်ပစ်လိုက်၊ နားလိုက်ပစ်တာပါ။ ကနက်သီရီအရှေ့ပင်လယ် ပြင်ကနေ ပစ်ကူပေးတယ်၊ ပြည်သူတွေကတော့ ရှောင်နေကြလို့ ထိခိုက်မှုမရှိဘူး။ နေအိမ်တွေတော့ ထိခိုက်ပျက်စီးမှုရှိပါတယ်။ စခတွေအားလုံး ကျောက်နီမော်ကို ဆုတ်သွားပါပြီ” ဟု ဒေါင်းညီနောင် စစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သားအလောင်းများ၊ ဒဏ်ရာ ရသူများနှင့်ကျန်စစ်သားများကို စက်လှေအကြီးဖြင့် တင်ဆောင်ကာ ကျောက်နီမော်ကျေးရွာသို့ ပြန် လည်ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစု၊ ကစယ်ဒိုကျားအထူးတပ်ဖွဲ့၊ ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့ နှင့် ဒေါင်းည်ီနောင်စစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media