Myawaddy News

0 0
Read Time:2 Minute, 28 Second

မြဝတီအမှတ် ၂ တံတား၌ ခိုအောင်းပြီး စစ်ကူစောင့်နေသည့် စစ်သားများကို တိုက်ခိုက်ရှင်းလင်း၊ စစ်တပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်တိုက်ခိုက် (ရုပ်သံ)

 

D Day News

ဧပြီလ ၂၀

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ခလရ ၂၇၅ တပ်ရင်းမှ ထွက်ပြေးပြီး လက်နက်ချအညံ့ခံခြင်းမရှိ သည့် အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရှင်းလင်းစဉ် အကြမ်းဖက်စစ်ကောင်စီတပ်က  ရဟတ် ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၉ ရက် နေပိုင်းကစတင်ပြီး မြဝတီမြို့နယ်၊ အမှတ် ၂ ချစ်ကြည်ရေးတံတား အောက်၌ ပုန်းခိုနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၀ ကျော်ကို KNLA ၊ PDF ပူးပေါင်း တပ်ဖွဲ့မှ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ ယနေ့ ဧပြီလ ၂၀ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲပစ်ခတ်ကာ ပစ်ကူပေးတိုက်ခိုက်နေကြောင်း သိရသည်။

 

“တိုက်ပွဲက အခုထိဖြစ်နေတုန်းပဲ။ မပြီးသေးဘူး၊ မဲဆောက်(ထိုင်းနိုင်ငံ) ဘက်ခြမ်းကို ကျည်တချို့ ရောက်လာတာရှိတယ်။ ရဟတ်ယာဉ်က ၁၁ နာရီကျော်လောက်မှာ အမှတ် ၂ တံတားနားကိုပဲ ပျံဝဲပြီး ဗုံးကျဲလိုက် စက်သေနတ်နဲ့ ပစ်လိုက် လုပ်နေတယ်။ ဆက်တိုက်ကိုပစ်နေတာ။ တိုက်လေယာဉ်တွေ ကတော့ မြ၀တီမြို့ပြင်ဘက်ကို ဗုံးကျဲတာတွေရှိတယ်”ဟု မြေပြင်သတင်းရင်းမြစ်က ပြောကြား သည်။

 

ယင်းတိုက်ပွဲကြောင့် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ထိုင်းဘက်အခြမ်းက ပိတ်ထားပြီး ထိုင်းစစ် တပ်ကလည်း အင်အားတိုးမြှင့်ထားကာ စစ်ရေး အဆင်သင့် ပြင်ဆင်ထားကြောင်း၊ မြန်မာ ဘက်အ ခြမ်း အမှတ် ၂ တံတားအနီးရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူများမှာ ထိုင်းနိုင်ငံဘက် ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အဆိုပါ စစ်ဘေးရှောင်ပြည်သူများအတွက် စစ်ဘေးရှောင် စခန်းကို လည်း ဖွင့်လှစ်ထားကြောင်း သိရသည်။

D Day News

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleepy
Sleepy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

Leave a Reply

Your email address will not be published. Required fields are marked *